ဖက်ဖယ်ရွက်

Share this on:

ဖယ်ဖယ်ရွက်/Laksa leaf(Vietnamese cilantro, Cambodian mint)
Persicaria odorata, the Vietnamese coriander, is an herb whose leaves are used in Southeast Asian cooking. Other English names for the herb include Vietnamese mint, Vietnamese cilantro, Cambodian mint, hot mint, laksa leaf and praew leaf.

နံနံပင်လို အပင်ပါ ။  ဒီတော့ နံနံပင်လို ငါးဗိုက်ထဲ ထည့်ကင်တယ်  ၊ ခေါက်ဆွဲပြုတ်ထဲ ထည့်စားတယ် ၊ ငပိထောင်း ထဲ ထည့်တယ် ။

ဖတ်ဖယ်ရွှက်

 

ဝက် ၊  ကြက်သားတောက်တောက်စင်း ၊  ကြက်သွန်နီ ၊ ကြက်သွန်ဖြူ  ၊ ဂျင်း ၊ ခရမ်းချဉ်သီး သေးသေးလှီး ၊ နံနံ ၊ ရှမ်းနံနံ ၊ကြက်သွန်မိတ် ၊ ဖတ်ဖိုင်ရွက် သေးသေးလှီး ၊ ဆား  ၊ ဟင်းချိုမှုန့် ရောနှယ်ပြီး ဒယ်အိုးထဲကို အလုံးလိုက် လုံးထည့် အပေါ်ကနေ ဆီထည့်ပြီး မီးအေးအေး တည်ပြီး ချက်ပါ ။  ဟင်းရည် စားချင့်ရင် ရေထည့်ပါ ။ ငါးဆိုရင်တော့ ရှမ်းပဲပုပ် မီးကင်၊ ထောင်းထည့်ပြီး ချက်စားနိုင်တယ် ။ ဆီမထည့်ပဲ ငှက်ပျော်ဖတ်နဲ့ ထုပ်ပြီး မီးကင် စားနိုင်ပါတယ် ။

ဖက်ဖယ်က ငါး နှင့် ပို၍ သင့်တော်ပါတယ် ။  ငါးကင် ၊ ငါးကချင်ချက်တွင် အရွက်ကို နုတ်နုတ်စင်းပြီး ၊  ကြက်သွန် ၊ ငရုတ်နှင့် နယ်ပြီး ဗိုက်ထဲ ထည့်ပြီး မီးကင်ပါ ။  နောက်ဖတ်နှင့်ထုတ်ပြီး မီးကင်ပါ ။  ကချင် ချက်ကတော့ အချဉ် အဖြစ် မက်လင်ချဉ် ထည့်ပြီး ချက်စားပါတယ် ။

ကြက် ကချင်ချက် ချက်ရင် ထည့်ပါတယ် ။  ခရမ်းချဉ်သီးထောင်း စားရင် ထည့်လို့လဲ ရတယ် ။  ခရမ်းချဉ်သီး ထောင်းတဲ့ အထဲကို သေးသေးနုတ်နုတ် ဖြစ်အောင် ၊ ညှပ်ထည့်ပါ ။  မွေးမွေးလေး ကောင်းမှကောင်း ။   မီးဖွားစ မီးနေသည်တော့ အနံ့တောင် မခံရ ဘူးနော် ။

ငါးဖယ် တိုင်းရင်းသားဟင်း – ငါးဖယ်ကို လုံးပြီး ပြုတ်ထား ၊ ဖက်ဖယ်ရွက် ၊ ရှမ်းနံနံ ၊ ဗမာနံနံ ပါးပါးလှီးပြီး ထောင်းထား ၊ ဒယ်အိုးထဲ ဆီထည့် ၊ ပူရင် ကြက်သွန်ဖြူ ၊ ဂျင်းထောင်း ထားတာထည့်ပြီး ဆီသပ်ပါ ။ မွှေးလာရင် ပြုတ်ထားတဲ့ ငါးဖယ်လုံးကို ထည့်မွှေ ၊ ထောင်းထားတဲ့ အရွက်တွေ ထည့်မွှေ ၊ ရေနဲနဲ ထည့် ၊ ဆား ၊ ငံပြာရည် ထည့် ၊ အရသာ မြည်းပြီး ခဏနေရင် ရပါပြီ ။

ဖက်ဖယ်ရွက် ဟုတ်ပါတယ် ။  ဆတ်သားခြောက်နဲ့ ငရုတ်သီး ထောင်းလို့လည်း ရတယ် ။  အသားဟင်း တွေမှာလည်း အုပ်ထည့်လို့ ရပါတယ် ။

ငါးကို တုံးတစ် ၊ အရသာနှပ် ၊  ကြက်သွန်ဖြူ ၊ ကြက်သွန်နီ တောက်တောက်စဉ်း ၊ ခရမ်းချဉ်သီး စဉ်းကော ၊ ရှမ်းနံနံပင်ရယ် ၊ ဖတ်ဖိုင်၊ပဲပုတ် ထည့်ပြီး ဆီနည်းနည်းနဲ့ ရေနဲနဲ ထည့်ပြီး ငါးအုံးလို့ ထည့်ချက်ပါ ။

ပဲပုပ်နဲ့ ခရမ်းချဉ်သီးထောင်းထဲလဲ ထည့်ထောင်းလို့ ရပါတယ် ။

 

Credit: Original Writer

Review

User Rating

2.9 (8 Votes)