ဖန်ခွက်ဆိုတာ အိမ်တိုင်းမှာ အချိုရည် ထည့်ဖို့ ဝိုင်ထည့်ဖို့ ရေထည့်သောက်ဖို့ အစရှိသဖြင့် အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ ရှိနေတတ်ကြတဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဖန်ခွက်တွေဟာ သူ့အမျိုးအစားအလိုက် အများကြီး ရှိပါတယ်။
bg
၁။ အဖျော်ယမကာခွက် (Beverage Glasses)
ဒီပုံစံ ခွက်လေးကိုတော့ ကြိုက်တဲ့ အသီးဖျော်ရည် အချိုရည် ကြိုက်တာ ထည့်ပါ။ သူက အရွယ်အစားနဲ့ ပုံစံအမျိုးမျိး လာတတ်ပါတယ်။ ကိုယ်က အအေးထည့်ဖို့ ဝယ်မယ်ဆိုရင်တော့ ဒီနာမည်လေးကို မှတ်ထားပြီး ဝယ်ပါ။

wg

၂။ ရေခွက် ( Water Glasses)
ဒီခွက် လှလှလေးကတော့ ရေထည့်ပြီး သောက်တဲ့ ဖန်ခွက်ပါ။ ရေ ၅အောင်စကနေ ၁၄အောင်စထိ ဆန့်တဲ့ ဖန်ခွက်တွေ အထိ ရှိပါတယ်။

itea

၃။ လက်ဖက်ရည်အေး ခွက် (Iced Tea Glasses)
Iced tea တွေကို ဒီခွက်လေးထဲ ထည့်သောက်ရသလို အဖျော်ယမကာ ခွက်ထဲလည်း ထည့်သောက်ကြပါတယ်။ ဒီခွက်ဟာ ရေနဲ့ အဖျော်ယမကာတွေလည်း ထည့်သောက်လို့ရပါတယ်။ အများအားဖြင့်တော့ အအေးသောက်တဲ့ ခွက်တွေဟာ ဆင်တူပုံစံတွေ ရှိပြီး အဆင်ပြေသလို ထည့်သောက်ကြတာပါပဲ။

jg

၄။ Juice Glasses
Juice တွေ သောက်တဲ့အခါ ဒီခွက်လှလှလေးကို သုံးပါတယ်။ မနက်စာတွေမှာ juice သောက်မယ်ဆိုရင် ဒီခွက်နဲ့ ပြင်ပါတယ်။ အဖျော်ယမကာ ခွက်ထက် နည်းနည်း သေးပါတယ်။

beermug

၅။ ဘီယာခွက်
ဒီခွက်ကတော့ ပုံစံကြည့်တာနဲ့ ဘာထည့်ရမယ်ဆိုတာ သိသာပါတယ်။ သူရဲ့ လက်ကိုင် ကိုင်းဟာ မ ရတာ လွယ်ကူပြီး ဖန်ခွက်နှုတ်ခမ်းဟာလည်း အမြုပ်တွေနဲ့ အဆင်ပြေအောင် လုပ်ထားတဲ့ ခွက်ပါ။

beerg

၆။ ဘီယာထည့် ဖန်ခွက်ရှည်
ဘီယာခွက်ကို ကိုင်ပြီး ဟိုသွား ဒီလာနဲ့ သောက်ချင်ရင် ဒီခွက်အရှည်ထဲ ထည့်သောက်ကြပါတယ်။ ဝိုင်ခွက်ကိုင်ပြီး မတ်တပ်ရင်းရင်း စကားပြောရင်း သောက်မယ်ဆိုရင် ဒီခွက်ရှည်လေးက ပိုကောင်းပါတယ်။ ပိုလည်း ဆံ့ပါတယ်။

hg

၇။ Hurricane Glasses
ပုံစံလေးကို ကြည့်လိုက်ပါ။ သိပ်လှတဲ့ ဖန်ခွက်လေးနဲ့ ကော့တေးလ် တစ်ခွက်လောက် သောက်ကြမလား။ ဒါခွက်လေးကို အသီးတွေနဲ့ လုပ်တဲ့ ကော့တေးလ်တွေ ထည့်သောက်ဖို့ အတွက်နဲ့ တခြားစုပေါင်းစပ်ပေါင်းမျိုးစုံ သောက်ဖို့အတွက် ဖန်တီးထားတဲ့ ဖန်ခွက်ပါ။ ဘာလို့ ဟာရီကိန်းဖန်ခွက်လို့ ခေါ်သလဲဆိုရင် ဟာရီကိန်း မီးအိမ်ပုံစံဟောင်းကို တုပြီး လုပ်ထားလို့ပါ။

mg

၈။ Margarita Glasses
အဝကျယ်တဲ့ ဖန်ခွက်ပုံစံလေးဟာ bar တွေမှာ အတွေ့များပါတယ်။ အလှအပဆင်ဖို့ သိပ်ကို ကောင်းတဲ့ ဖန်ခွက်ပါ။ ဖန်ခွက် နှုတ်ခမ်းမှာ ဆားတို့ သကြားတို့ တင်ပြီး သောက်ရတဲ့ အရည်အမျိုးအစားတွေ အတွက် သင့်တော်ပါတယ်။

cg

၉။ မာတီနီ (or)ကော့တေးလ်ခွက်
မာတီနီ ဒါမှမဟုတ် ကော့တေးလ်တွေကို ထည့်မယ်ဆိုရင်တော့ ဒီခွက်လှလှလေးကို သုံးပါတယ်။ ပါတီတွေမှာတော့ အသုံးများပါတယ်။

rg

၁၀။ Rocks Glasses
အရက်ထည့်ပြီး သောက်တဲ့ ခွက်ပါ။

high

၁၁။ Highball Glasses
ဒီ ဖန်ခွက်ရှည်လေးဟာ ကော့တေးလ်၊ တခြား mixed drinks၊ ဝီစကီနဲ့ ဆိုဒါလို ပုံစံမျိုး၊ မိုချီတို နဲ့ တခြား iced tea တို့လို အဖျော်ယမကာတွေ အတွက် အသင့်တော်ဆုံး ခွက်ပါ။

coffee
၁၂။ ကော်ဖီခွက်
ဒီခွက်ဟာ အပူထည့်သောက်ရင်ဖြစ်ဖြစ် iced coffee လိုပုံစံမျိုးတွေ ဖြစ်ဖြစ် သောက်ရင် အသုံးပြုပါတယ်။ bar တွေမှာတော့ ကော်ဖီကို ပုံစံလှလှလေးတွေဖော်ပြီး သုံးဆောင်ဖို့ အတွက် ဒီခွက်လေးကို သုံးပါတယ်။

rwg

၁၃။ ဝိုင်နီခွက်
ဒီခွက်လေးဟာ ဝိုင်အနီ ထည့်သောက်တဲ့ ခွက်ပါ။ ဒီခွက်ရဲ့ ပုံစံဟာ ဗိုက်ပူလိုမျိုးလေး ဖြစ်နေတာ မြင်ရပါလိမ့်မယ်။ ဒါဟာ ဝိုင်သောက်တဲ့ လူတွေဟာ ဝိုင်ရဲ့ အနံ့ကို အရင် ခံစားပြီးမှ ဝိုင်ကို သောက်တတ်ကြတဲ့ အတွက် ဒီခွက်ဟာ ဝိုင်ကို အောက်ခြေမှ လှုပ်ပြီး အနံ့ကို အရင်ရစေနိုင်ပါတယ်။

wwg

၁၄။ ဝိုင်ဖြူခွက်
ဝိုင်နီထက်စာရင် နဲနဲ သွယ်သယောင် ရှိပါတယ်။

အခု ဖော်ပြထားတဲ့ ဖန်ခွက်တွေဟာ အကုန်မဟုတ်သေးပါဘူး တခြား အမျိုးအစားတွေလည်း ကျန်ပါသေးတယ်။ မြန်မာပြည်မှာ အသုံးများတဲ့ ဖန်ခွက်တွေအကြောင်းကို လက်လှမ်းမီသလောက် မျှဝေထားတာပါ။

Credit: www.purewow.com