Recipes | အချိုပွဲ - Desserts | မြန်မာမုန့်များ - Myanmar Desserts

ဖယုံသီးယို အစာသွပ် မုန့်လုံး (Pumpkin Jam Stuffed Dumplings)

April 6, 2016

ဖယုံသီးယို အစာသွပ် မုန့်လုံး (Pumpkin Jam Stuffed Dumplings)

Share this on:

ဖယုံသီးယို အစာသွပ် မုန့်လုံး (Pumpkin Jam Stuffed Dumplings) မုန့်လုံးရေပေါ်ကို စားနေကျ အရသာနဲ့ မတူ တစ်မျိုး ထူးကဲ ထားသော ဒီနည်းလေးကို အားလုံး သင်္ကြန်ရက်မှာ တစ်ပျော်တစ်ပါး လုံးစားကြည့်လို့ ရအောင်ရှယ်ပေးထားပါတယ် ။

ပါဝင်ပစ္စည်းများ

(အလုံး ၂၀ လုံး နှုန်း)

အုပ်စု (က)

  • ကောက်ညှင်းဆန်မှုန့်   –  ၁ ခွက် (မုန့်ဖုတ်လျှင် တိုင်းသောခွက်)
  • ဆန်ကြမ်းမှုန့်   –  ၁ ဇွန်း (လက်ဖက်ဇွန်း)
  • ရေ   –  ၁ ခွက် (အတိုးအလျော့လုပ်ပေးပါ)

အုပ်စု (ခ)

  • ရွှေဖယုံသီး   –  တစိတ် (အခွံခွာပြီး အတုံးလေးတွေထုံးထားပါ)
  • ဆီ  –  ၁ ဇွန်း (လက်ဖက်ဇွန်း)
  • သကြား   –  ၁ ဇွန်း ခွဲ (စားပွဲဇွန်း)
  • ဆား   –  အနည်းငယ်
  • ချင်း   –  အနည်းငယ် (ခတ်ပါးပါး တစ်ဖတ်ဆိုရပါတယ်)

အုပ်စု (ဂ)

  • နှမ်းအနက်   –  တစ်ဝက် ခွက် (လှော်ပြီးသား၊ မုန့်လုပ်ရန်တိုင်းသောခွက်)

ဖယုံသီးယို အစာသွပ် မုန့်လုံး

ပြုလုပ်နည်း

  1.  ခြောက်သွေ့သော ဖန်ပုကန်လုံး အကြီးထဲ ကို အုပ်စု (က) ပစ္စည်းများ အားလုံး ထည့်နယ်ပါ ။  စေးပြီး မုန့်အနှစ်များ လက်မှာ မကပ်လျှင် ရပါပြီ ။
  2. အုပ်စု(ခ) မှ ပါဝင်သော ပစ္စည်းများကို မကပ်သော အိုးအသေးထဲ ထည့်ပြီး ရေအနည်းငယ်ဖြင့် တည်ပါ ။
  3. ရွှေဖယုံသီး နူးအိပြီး ဇွန်း နှင့် ခြေလို့ရသည် အထိတည်ပါ ။   အအေးခံ ထားပါ။
  4. လက်ကို ဆီ အနည်းသုပ်ပါ ။ မုန့် နှစ်များကို လိုသလို အနေတော် အလုံးလေးတွေ လုံးပါ ။  အထဲမှာ ရွှေဖယုံသီး အနှစ်ယို ကို ဇွန်းအသေးလေးဖြင့် အနေတော် အစာသွပ်ပြီး လုံအောင် အုပ်ပြီး လုံးနေအောင်လုံးပါ ။
  5. ရလာသော မုန့်လုံးကို နှမ်းအနက်များ ဖျန့်ထည့် ထားတဲ့ ဗန်းထဲ ထည့်ပြီး မုန့်လုံး တစ်လုံးလုံး နှံ့အောင် လှိမ့်ပေးပါ ။
  6.  စောက်နက် အိုးကြီးကြီးထဲကို ရေဆူအောင် တည်ပါ ။  ရေဆူလာလျှင် လုံးထားသော အလုံးများ ထည့်ပါ ။   အိုးထဲ အများကြီး မထည့်ပါနဲ့ အိုးကျပ်သွားလျှင် မကျက်တာမျိုး ဖြစ်သလို ဆယ်ရတာလဲ ခက်ပါတယ် ။
  7. ဇလုံးအကြီးထဲမှာ ရေခဲရေ ထည့်ထားပါ ။   ကျက်ပြီး ရေပေါ်ပေါလာသော မုန့်လုံးရေပေါ်များကို ရေခဲရေထဲ ဆယ်ထဲ့ပါ ။
  8. မုန့်လုံးများကို ရေစစ် သံဇကာဖြင့် ရေစစ်ပြီး အအေးခံထားပါ ။  ပြီးလျင် သုံးဆောင်ရန် ပုကန်ထဲ ထည့်ပြီး  အုန်းသီးကြိုက်လျင် အုန်းသီးခြစ်မှုန့်များ ဖြူးပြီး အတူ သုံးဆောင်နိုင် ပါတယ် ။

Credit : Syifoodgardens

Review

User Rating

5 (1 Votes)