ပါဝင်ပစ္စည်းများ

  • ဖရုံရွက်
  • ပဲပုပ် – ၁ ချပ် (မီးကင်ပြီး အမှုန့်ဖြစ်အောင် ထောင်းပါ ။)
  • ကြက်သွန်ဖြူ ဆီချက်
  • ခရမ်းချဉ်သီး
  • ပင်စိမ်း
  • ဆား
  • ဟင်းချိုမှုန့်
  • သံပုရာသီး

ပြုလုပ်နည်း

  1. ဖရုံရွက်ကို ပြုတ်၍ စိမ်းစိမ်းလေးဖြစ်အောင် ရေအေးနှင့် ပြန်ဆေးပါ ။
  2. ပြီးလျင် ပြုတ်ထားသော ဖရုံရွက်ကို ပဲပုပ်မှုန့် ၊ ကြက်သွန်ဖြူ ဆီချက် ၊ ခရမ်းချဉ်သီး ၊ ဆား ၊ ဟင်းချိုမှုန့်  ၊ ပင်စိမ်းရွက် ၊ သံပုရာသီးကု ညှစ်၍ သုပ်ပါ ။
  3. အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ ။

Credit: Phyu Phyuhnin