Recipes

ဖရဲသီးဖျော်ရည် (Watermelon Juice)

February 6, 2016

ဖရဲသီးဖျော်ရည် (Watermelon Juice)

Share this on:

သောက်ပြီးရင် လန်းဆန်းသွားစေပြီး သဘာဝအချို အရသာနှင့် အရည်ရွှန်းသောကြောင့် ကြိတ်စက်ထဲ ထည့်ကြိတ်လျှင် အရမ်း အဆင်ပြေစေပါတယ်။

ပါဝင်ပစ္စည်းများ

  • ဖရဲသီး - ၂ ခွက် (အစေ့မပါသော အသီး၊ အခွံခွာပြီး အတုံးလေးတွေတုံးထားပါ)
  • သံပုရာရည် - ၁ ဇွန်းခွဲ စားပွဲဇွန်း
  • သကြားရည် - ၁ ဇွန်း စားပွဲဇွန်း
  • ပူစီနံ - ၅ ခက် (အလှဆင်ရန်)
  • ရေခဲခြစ် - ၁ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)

ပြုလုပ်နည်း

  1. ဖရဲသီးတုံးများ၊ သံပုရာရည် နှင့် သကြားရည်များ ကို ဖျော်ရည်စက်ထဲ ထည့်ကြိတ်ပါ။
  2. ထည့်သောက်ရန် ဖန်ခွက်များကို ရေခဲ သေတ္တာထဲ ထည့်ပြီး အအေးခံထားပါ။
  3. အေးနေသော ဖန်ခွက်ထဲ ရေခဲခြစ် အရင်ထည့်ပြီး အပေါ်မှနေ ဖရဲသီးဖျော်ရည်လောင်းထည့်ပါ။
  4. ပြီးလျှင် ပူစီနံရွက်လေးဖြင့် အလှဆင်လိုက်ပါ။ အေးအေးလေး ချက်ချင်းသောက်သုံးသင့်ပါတယ်။
  5. *မှတ်ချက်- ပူစီနံ ကြိုက်လျှင် အရွက်အနည်းငယ် ဖျော်တယ့်အထဲ ထည့်ဖျော်လို့ရပါတယ်။
Credit: Syi Foodsgarden

Review

User Rating

0 (0 Votes)