မိုးရာသီလေးရောက်လာပီဆိုတော့ လတ်လတ်ဆတ်ဆတ်နဲ့ ပူပူနွေးနွေးလေးတွေ ယာခင်းဘေးက တဲလေးပေါ်မှာ အမေကြီး ချက်ကျွေးနေကြ ဟင်းလေးတွေထဲက တစ်မျီုးပေါ့။

ပါဝင်ပစ္စည်းများ

  • ဖရုံရွက် – ၂ စည်း
  • ရှမ်းပြောင်း – ၁ ဖူး
  • မျှစ်စိမ်း – ၁၀ သား
  • ပင်စိမ်းရွက် – ၁ စည်း
  • ကြက်သွန်ဖြူ – ၂ မွှာ
  • ကြက်သွန်နီ – ၁ လုံး
  • ငရုပ်သီးစိမ်း – ၅ တောင့်
  • ကြက်သားမှုန့်
  • ဆား

ပြင်ဆင်ပြုလုပ်နည်း

  1. ဟင်းရည်အိုးထဲတွင် ရေဆူအောင်အရင်တည်ပြီး ကြက်သွန်ဖြူ ဓါးပြားရိုက်ထားတာနဲ့ ကြက်သွန်နီပါးပါးလှီးထားတာထည့်ပါ။ မျှစ်ပြုတ်ထားပြီးသားကို ပါးပါးလှီးပြီး ထည့်ပါ ။
  2. ကြက်သားမှုန့် နှင့် ဆား အနည်းငယ် ထည့်ပြီး ၅ မိနစ်ခန့်ကြာလျှင် ဖရုံရွက်နှင့် ရှမ်းပြောင်းဖူးပြုတ် ချွေပြီးသားများ ထည့်ပါ။
  3. အရွက်များကျက်လျှင် ငရုပ်သီးစိမ်း နှင့် ပင်စိမ်းရွက်လေးခပ်ကာ ဟင်းရည် ချို ချို ပူပူနွေးနွေး မွှေးမွှေးလေး သုံးဆောင်နိုင်ပါပြီ။

Credit: Marlar Kitchen