ဖရုံသီးပေါက်စီ – ၈ လုံး

I. ပါဝင်ပစ္စည်းများ

  1. ဖရုံသီး – 840 g (၅၄ ကျပ်ခွဲသား)ေ
  2. ရေ (ထမင်းစားဇွန်း ၁ ဇွန်း)

ပြလုပ်နည်း – ပထမဆင့်

  1. အခွံခွါပြီး လက်မ အရွယ်ခန့် လှီးထားသော ဖရုံသီး – 840 g (၅၄ ကျပ်ခွဲသား) ပျော့သွားစေရန် ရေ (ထမင်းစားဇွန်း ၁ ဇွန်း) ထည့် အဖုံးဖုံးကာ Microwave ထဲ ၉ မိနစ်ခန့် ချက်ပါ။
    (အချိန်အတိုးအလျှော့ ရှိနိူင်ပြီး အကျက်ညီစေရန် ၃ မိနစ်ခန့်ကြာတိုင်း အထက်အောက်လှန်ကာ မွှေပေးပါ။)
  2. ပျော့သွားပါက ဇကာဖြင့် အရည်များစစ်ပစ်ပြီး ကြေသွားအောင် ချေပေးပါ။
  3. ချေထားသော ဖရုံသီး 2 1/2 Cups ခန့်ရပါတယ်။

II. ဌာပနာ ဖရုံသီးယိုတွင် ပါဝင်ပစ္စည်းများ

  1. ချေထားသော ဖရုံသီး – 2 Cups (500 ml)ခန့်
  2. ကော်မှုန့်(Potato Starch့) – ထမင်းစားဇွန်း ၂ ဇွန်း (30 ml)
  3. သကြား – ထမင်းစားဇွန်း ၂ ဇွန်း (30 ml)
  4. ထောပတ် – ထမင်းစားဇွန်း ၁ ဇွန်း (15 ml)

ပြလုပ်နည်း – ဒုတိယဆင့်

  1. အားလုံးကို နှံ့သွားအောင် ရောနယ်ပြီး Microwave ထဲ အဖုံးမဖုံးပဲ ထည့်ကာ ပြစ်ခဲသွားစေရန် ၆ မိနစ်ခန့် ထည့်ပြီး ချက်ပါ။ (အချိန်အတိုးအလျှော့ ရှိနိူင်ပြီး အကျက်ညီစေရန် ၂ မိနစ်ခန့်ကြာတိုင်း အထက်အောက်လှန်ကာ မွှေပေးပါ။)
  2. ပြစ်ခဲသွားလျှင် ထမင်းစားဇွန်း ၁ ဇွန်းခွဲခန့်စီ ခပ်ပြီး ဆီသုတ်ထားသော ပန်းကန်ပြားထဲ ထည့်ကာ အအေးခံထားပါ။

III. အပြင်သား (Dough) တွင်ပါဝင်ပစ္စည်းများ

  1. ဂျုံမှုန့် (Plain Flour, All Purpose Flour) – 1 1/3 Cups (330 ml)
  2. သကြား – ထမင်းစားဇွန်း ၂ ဇွန်း
  3. ဆား – လက်ဖက်ရည်ဇွန်း ၆ ပုံ ၁ ပုံခန့်
  4. Dry Yeast – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (5 ml)
  5. ဆီ – ထမင်းစားဇွန်း ၁ ဇွန်း (15 ml)
  6. ချေထားသော ဖရုံသီး – 1/2 Cup (125 ml)

ပြလုပ်နည်း – တတိယဆင့်

    1. ဂျုံမှုန့်၊ သကြား၊ ဆား၊ Dry Yeast နှင့် ဆီ ထည့်ထားသော ဇလုံထဲ ချေထားသော ဖရုံသီး (အရမ်းမပူ မအေးပဲ ခပ်နွေးနွေး ဖြစ်နေရပါမယ်) ထည့်ပြီး ဇွန်းဖြင့် ၁ မိနစ်ခန့်ရောမွှေပေးပါ။
    2. ဆီသုတ်ထားသော လက်ချောင်းများဖြင့် Doughသား နူးညံ့အောင် နယ်ပေးပါ။
    3. ဖိပေးပါ။ (အရမ်းကပ်သောကြောင့် လက်ဝါးတစ်ခုလုံးဖြင့် ဖိမနယ်ပဲ လက်ချောင်းများဖြင့်သာ နယ်ခြင်း၊ ဖိခြင်းလုပ်ပေးပါ ကပ်နေသည် များ ကို ဇွန်းဖြင့်ခြစ်ချပြီး ဆက်နယ်၊ ဆက်ဖိပေးပါ။)
    4. ၁၅ မိနစ်ခန့် ဖိနယ်ပြီး Dough သားနူးညံ့ သွားလျှင် လုံးလုံးလေးဖြစ်အောင်လုပ်၍ ဆီအနည်းငယ် သုတ်ကာ ပန်းကန် (သို့) Glad Wrap ဖြင့် ဖုံး၍ ပွလာအောင် နွေးသောနေရာတွင် ၁ နာရီခန့် ထားပါ။
      (နွေးသောနေရာထားခြင်းဆိုသည်မှာ Dough ထည့်ထားသည့်ဇလုံကို ရေနွေးထည့်ထား (ရေပူမဟုတ်)သော နောက်ထပ် ဇလုံကြီးကြီးထဲ ထည့်ထားခြင်း (သို့) အငွေ့မထွက်လွယ်သော Microwave ထဲ ရေပူထည့်ထားသော ခွက်နှင့် အတူတွဲထည့်၍ တံခါးပိတ်ထားခြင်းများကို ဆိုလိုပါတယ်။)
    5. ပွလာပြီးနောက် ဂျုံမှုန့်ဖြူးထားသော ပြင်ညီပေါ်တင်၍ ၁ မိနစ်ခန့် ပြန်ဖိနယ်ကာ ပေါက်စီ ၈ လုံးစာအတွက် ၈ ပိုင်းခွဲပြီး လှီးပါ။
    6. ပြီးနောက် အလုံးလေးများဖြစ်အောင် လုံးပေးပါ။
    7. ညီညာသောမျက်နှာပြင်ရစေရန် ဦးစွာ လက်ဖြင့် ၁၀ ချက်ခန့် ဖိဆုပ်နယ်ပြီးမှ လုံးပေးပါ။
    8. အချင်း ၃ လက်မခွဲခန့် အဝိုင်းပြားလေးရအောင် လက်ဖြင့် ဖိပြားပေးပါ။
    9. ပာပြီးလျှင် အအေးခံထားသော ဌာပနာ ထည့်၍ လုံအောင်ဖုံးကာ ပြန်လုံးပါ။
    10. သွားကြားထိုးတံဖြင့် အရာလေးများပေါ်လာအောင် သေသေချာချာဖိပေးပါ။
    11. ဖရုံသီးပုံ ရလျှင် ထိပ်ဖက်ကို အချိုင့်လေးဖြစ်အောင် လက်ညှိုးထိပ်ဖြင့် ဖိပေးပါ။
  1. ပေါင်းအိုးထဲရှိ Paper Towel (သို့) Baking Liner ပေါ်ထားပါ။ (ပေါင်းလိုက်လျှင် ပွလာမည်ဖြစ်၍ တစ်လုံးနှင့်တစ်လုံး ကပ်ပြီးမထည့်ရပါ။။)
  2. ပြီးနောက် အဖုံးဖုံးကာ ပွလာအောင် မိနစ် ၃၀ ခန့် ထပ်ထားပြီးလျှင်…
  3. ပွက်ပွက်ဆူနေသော ရေပူအိုးပေါ်တင်၍ Over Medium Heat ဖြင့် ၁၀ မိနစ်ခန့် ပေါင်းပေးပါ။ (ပေါက်စီများပေါ် အငွေ့ပြန်သည့် အရည်များ မကျအောင် အဖုံးကို သန့်ပြန့်သော လက်သုတ်ပဝါဖြင့် ပတ်ထားပေးပါ။)
  4. ချစ်စရာ ဖရုံသီးပေါက်စီပူပူလေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။
  5. ပေါင်းပြီးနောက် ပိုမိုလှပစေလိုပါက အချိုင့်လေးပေါ် လက်ဆစ်တစ်ဝက်ခန့် လှီးထားသော ဖရုံသီးခွံလေးများ ဖိစိုက်ပေးပါ။

မှတ်ချက်

  1. ဖရုံသီးပုံမလုပ်ပဲ ရိုးရိုးပေါက်စီပုံစံ လုပ်လိုပါက လက်ဖြင့် ဖိပြားသည်ထက် Rolling Pan (သို့) ပုလင်းကိုသုံး၍ အဝိုင်းပြားလေး ရအောင်လုပ်လျှင် ပိုမိုညီညာသော မျက်နှာပြင် ရစေပါတယ်။
  2. Microwave မသုံးပါက ဖရုံသီးကို ရေနွေးငွေ့ဖြင့် ပေါင်းပေးနိုင် ပါတယ်။
  3. ဖရုံသီးယို လုပ်ရာတွင် မကပ်နိူင်သော ဒယ်အိုးထဲထည့်ပြီး Medium Heat ဖြင့် ပြစ်လာသည် အထိ မွှေပေးပါ။

Credit: Chaw Su’s Food Friends