ပါဝင်ပစ္စည်းများ

  • နွားနို့ – ၇၅ကျပ်သား
  • နို့စိမ်း ၁ ဘူး
  • နို့ဆီ အနည်းငယ်
  • Agar (အစိမ်းရောင်) ကျောက်ကျော ၁ထုပ်
  • သကြား၂၅ကျပ်သား

Falooda ကျောက်ကျော 2016-04-04 at 2.41.58 pm

  • ဆား အနည်းငယ်
  • သာကူစေ့များ (လိမ္မော်ရောင်၊ အစိမ်းရောင်၊ အဝါရောင်)
  • ပင်ပွား
  • ဂျယ်လီ
  • သီဟိုဠ်စေ့

Cashew Nuts

  • Rose Flavour
  • အနီရောင်အမှုန့်

ပြုလုပ်နည်း

နွားနို့ ၇၅ကျပ်သား၊ နို့စိမ်း ၁ဘူး၊ နို့ဆီ အနည်းငယ် ကို ရောပါ။

Agar (အစိမ်းရောင်) ကျောက်ကျော ၁ထုပ် ၊ သကြား၂၅ကျပ်သား ၊ ဆား အနည်းငယ်ကို ရောမွှေထားပါ။ သာကူစေ့လေးများကို အစေ့ပျောက်သည် အထိ ကျိုပါ။

ခွက် ၃ခွက်ခွဲ၍ အရောင်စပ်ပါ။ ( လိမ္မော်ရောင်၊ အစိမ်းရောင်၊ အဝါရောင်) သာကူစေ့များကို အညီအမျှ ခွဲထည့်၍ ရေအေးဖြင့် စိမ်ထားပေးပါ။ ပင်ပွားကို ရေစိမ်ထားပါ။

ဂျယ်လီကို Dice လုပ်ထားပါ။ သီဟိုဠ်စေ့ကို Dice လုပ်ထားပါ။ ဗန်းအောက်ခြေတွင် ခင်းထားပေးပါ။

နွားနို့ ၊ နို့စိမ်း၊ နို့ဆီ ရောထားတာကို ကျောက်ကျောမှုန့်တို့ နှင့် ရော၍ ပွက်ပွက် ဆူအောင်ကျိုပါ။ Rose Flavour ထည့်ပါ။ (ဖာလူဒါအနံ့)

အနီရောင်အမှုန့်ကို အရောင်ဖျော့ဖျော့စပ်၍ လိုသလောက်အရောင် ထည့်ပါ ။

ဗန်းထဲသို့လောင်းထည့်၍ မွှေပေးပါ။ မတင်းမခြောက် အချိန်မှာ အပေါ်မှ သာကူစေ့၊ ဂျယ်လီ၊ သီဟိုဠ်စေ့တို့ကို ဖြူးပေးပါ။
အအေးခံထားပြီးသုံးဆောင်ပါ။

Credit: Cooking

Falooda ကျောက်ကျော.2016-04-04 at 2.42.23 pm