ဖာလူဒါ

Share this on:

ပါဝင်ပစ္စည်းများ

  • Ice Cream
  • မုန့်လက်ဆောင်းဖတ်
  • ဂျယ်လီ
  • ပူတင်း
  • သာကူ
  • သကြားရည်

ပြုလုပ်နည်း

  1. ဖာလူဒါ လုပ်မယ် ဆိုရင် Ice Cream နဲ့ မုန့်လက်ဆောင်းဖတ် ကို ဝယ်ထားပါ ။ ကျန်တာတွေတော့ အိမ်မှာပဲ လုပ်ပါတယ် ။မုန့်လက်ဆောင်းဖတ် ကို ရေနွေးဖြော ၊ ရေအေးနှင့် အေးအောင် ဆေးပြီး ဇကာနှင့် စစ်ထားပါ ။ ပြီးလျင် ရေခဲသေတ္တာထဲ၌ ထည့်ထားပါ ။
  2. ဂျယ်လီလုပ်ရန် - ရေ 250ml နှင့် သကြား 3 Tbsp တို့ကို ရော၍ Medium Heat ဖြင့်တည်ပါ ။ ရေဆူလာလျင် Agar Agar အမှုန့် 2 g ကို ထည့်ပြီး နောက်ထပ် ၂မိနစ်ခန့် ဆူပါစေ ၊ အဆက်မပြတ် မွှေပေးပါ ။ ပြီးလျင် အရောင် ထည့်ထားသော ခွက်၂ခွက် ထဲ မျှထည့်ပြီး အရောင် သမသွားအောင် မွှေပေးပါ ။ ထို့နောက် ဂျယ်လီ လုပ်မည့် ခွက်လေးများထဲ ထည့်၍ အအေးခံထားပြီး ၊ အေးသွားလျင် ရေခဲသေတ္တာထဲ၌ ထည့်ထားပါ ။
  3. သာကူ - သာကူ လက် ၃ဆုပ်ခန့်ကို ရေစိမ် ထားပါ ။ ရေ 800 ml ကို ဆူအောင်တည်ပြီး သာကူ များကို ရေစစ်၍ ထည့်ပါ ။ သကြား 3 Tbsp ထည့်ပါ ။ မီးအေးအေးနှင့် အဆံ ပျောက်သည်ထိ ကြိုပါ ။ အဆံ ပျောက်သွားလျင် အရောင် ၂စက်ခန့် ထည့်ပြီး မွှေပေးပါ ။ ပြီး ဇကာနှင့် စစ်၍ အေးသွားသည်ထိ ရေဆေးပါ ။ အေးသွားမှ ရေစစ်ပြီး ရေခဲသေတ္တာထဲ၌ ထည့်ထားပါ ။
  4. ပူတင်း လုပ်ရန် - ဂျုံ 2 Tbsp ၊ ကြက်ဥ ၃လုံး ၊ သကြား 2 Tbsp ၊ ဆား အချိုဇွန်း တဝက် ၊ ဗနီလာ ၁စက် ၊ နွားနို့ 350 ml တို့ကို အိုးထဲ ထည့်၍ ရောမွှေပါ ။ မီးအေးအေး နှင့် ပြစ်လာသည်ထိ ကြိုပါ ။ အဆက်မပြတ် မွှေပေးပါ (1 to 2 sec မျှ) ၊ Oven ကို200· C ဖြင့် ကြိုတင် အပူပေးထားပါ ။ ပြစ်လာလျင် ထောပတ် သုပ်ထားသော ဗန်းထဲ ထည့်၍ 35 မိနစ် ဖုတ်ပါ ။ မုန့်ကျက်လျင် ဗန်းကို ထုပ်၍ အအေးခံပြီး အေးသွားမှ နှစ်သက်ရာ အတုံးသေးလေးများ လှီးပြီး ရေခဲသေတ္တာထဲ၌ ထည့်ထားပါ ။
  5. သကြားရည် - ရေ အကြမ်းပန်းကန် ၂လုံးစာ ကို ဆူအောင် တည်ပြီး အမှုန့်သေးသော သကြား 4 Tbsp ကိုထည့်၍ သကြားများ အားလုံး ပျော်ဝင် သွားအောင် တည်ပေးပါ ။ အနီရောင် Food Colouring ၁စက်, ၂စက် နှင့် နှင်းဆီအနံ 1 Tsp ခန့်ထည့်ပါ (ဖာလူဒါ လုပ်ရင် နှင်းဆီနံ့ က အရေးကြီးဆုံးပါ..မပါမဖြစ် ပါရမယ်) ၊ သကြားများ ပျော်ဝင်သွားမှ အအေးခံပြီး ရေခဲသေတ္တာထဲ၌ ထည့်ထားပါ ။
  6. စားခါနီးတွင် ခွက်ထဲသို့ အအေးခံထားသော အရာများ (1to 4) ကို နည်းနည်းစီ ကြိုက်သလို ထည့်, ဘူး နွားနို့ အနည်းငယ် (ကြိုက် သလောက်) ထည့် ၊ သကြားရည် ထမင်းစားဇွန်း ၁ဇွန်း ခွဲခန့် ထည့်၊ နို့ဆီ 1 Tbsp ကိုပါ ထည့်ပြီး အပေါ်ဆုံးတွင် Ice Cream ကိုထည့်ပါ ။
  7. ဖာလူဒါ အေးအေး မွှေးမွှေး ချိုချို လေးကို အချိုပွဲ အဖြစ် လုပ်စားကြည့်ပါ ။
Credit: Aye Cooking

Review

User Rating

0 (0 Votes)