Philippine တွေက Adobo မှာ (Chicken Adobo, Pork Adobo , Chicken & Pork Adobo) ဟူ၍ အမျိုးမျိုး ရှိပါတယ်။ ဒါကတော့ Chicken Adobo ပြုလုပ်နည်းပါ။

လိုအပ်သောပစ္စည်းများ

  • ကြက်သား – Chicken -700 g
  • ဆီ – Cooking Oil – 2 Tbsp
  • ကြက်သွန်ဖြူ – Garlic – 5 pcs
  • ရှလကာရည် – Vinegar – 10 Tbsp
  • ပဲငံပြာရည်အကြည် – Soy-Sauce – 5 Tbsp
  • ငရုတ်ကောင်းစေ့- Whole black Peppercorns – 2 Teaspoons
  • သကြား – Sugar – 4 Tbsp
  • ပျဉ်တော်သိမ် – Bay Leaf – 3

ပြုလုပ်နည်း

ပထမဦးစွာ ကြက်သားများကို အနေတော် အတုံးများ တုံးပြီး ပဲငံပြာရည်အကြည် (Light) + ကြက်သွန်ဖြူ ကို ဓားပြားရိုက်၍ အတူနှယ်ထားပါ။ ထို့နောက် ဒယ်အိုးထဲသို့ ဆီထည့်၍ ဆီပူလာလျှင် ကြက်သားတုံးများကို တစ်တုံးချင်း ယူပြီး ဒယ်အိုးထဲထည့်ပါ။

အနံ့မွေးလာလျှင် ကြက်သား နယ်ထားသော အရည်များအား အပေါ်မှ လောင်းထည့်၍ အဖုံး ခဏအုပ်ထားပါ။ ထို့နောက် အိုးထဲသို့ ကြက်သားနူးသာ ယုံလောက် ရေထပ်ထည့်ပေးပါ။

ထို့နောက် Vinegar ထည့်ပါ။ (Vinegar ထည့်ရင်မလောပါနှင့် အနည်းငယ် ထည့်ပြီး မြည်းကြည့်ပါ။) အချို့ Vinegar များသည် အရမ်းချဉ် ပါသည်။ Apple-Vinegarသည်အချဉ်ပေါ့ ပါသည်။ Vinegar မရလျှင် သံပုရာသီး သုံးနိုင်သည်။

ပြီးနောက် သကြားထည့်ပါ၊ ငရုပ်ကောင်း အစေ့လိုက် ထည့်ပါ။ (ငရုပ်ကောင်း အစေ့အား အနည်းငယ် လှော်ပြီးထည့်လျှင် ပိုမွှေးပါသည်။) ထို့နောက် Bay-Leaf (ကရဝေးရွက်) ထည့်ပြီး အဖုံးအုပ်ထားပါ။

ကြက်သားများ ဆီပြန်၍ အနံ့မွှေးလာလျှင် ချ၍ အသင့် စားသုံးနိုင်ပါပီ။

မှတ်ချက်။ အစပ် အရသာ ကြိုက်လျှင် ငရုပ်သီး အစိမ်း အတောင့်ရှည် ၂ တောင့်၊ ၃ တောင့်လောက် ရောထည့်၍ ချက်နိုင်ပါသည်။

Credit: ဇွဲသုသု