ဗယာကြော်

Share this on:

ဗယာကြော် ကြွတ်ကြွတ်မွမွလေး ရဘို့ ခက်ခဲခဲ့တယ် ။ မထင်မှတ်ပဲ တိုဟူးကြိုဘို့ ကြိတ်ထားတဲ့ ကုလားပဲကြိတ်ဖတ် တွေကို ကုလားပဲ ရေစိမ်ကြိတ်နဲ့ ရောကြော်မိရာက စားကောင်းတဲ့ ဗယာကြော် ကြွတ်ကြွတ်လေး ရလာခဲ့တယ် ။

ပါဝင်ပစ္စည်းများ

  • ကုလားပဲခြမ်း ၁/၂ Cup (၁၀၀ g)
  • ကြက်သွန်နီ ၂-၃ လုံး
  • ဆား ၁/၄ လက်ဘက်ရည်ဇွန်း
  • ဘိတ်ကင်းပေါင်ဒါ ၁/၂ လက်ဘက်ရည်ဇွန်း
  • နံနံပင် ၃ စားပွဲတင်ဇွန်း(မထူမပါးလှီးထားပါ)
  • ကုလားလေး မဆလာ ၁ စားပွဲတင်ဇွန်း
  • ငရုတ်သီးစိမ်း ၄-၈ တောင့် ( အစပ်မကြိုက်လျှင်လျှော့ထည့်ပါ)
  • နနွင်းမှုန်
  • ကြော်ရန်ဆီ လိုသလောက်

ကြော်နည်း

  1. ကုလားပဲခြမ်းကို တစ်ညရေစိမ်ပါ။ ရေကုန်အောင် စစ်ထုတ်ပြီး ပဲကို ညက်အောင် ကြိတ်ပါ။ တ၀က်စီခွဲပီး ကျန်တစ်ဝက်ကို ပိတ်စိမ်းပါးထဲထည့်ပီး ရေကုန်အောင်ညှစ်ချပါ၊
  2. ကြက်သွန်နီကို မထူမပါးလှီးထားပါ။
  3. ကြိတ်ထားတဲ့ ကုလားပဲ ထဲကို ဆား၊ ဘိတ်ကင်းပေါင်ဒါ ထည့်ပီး မွှေပေးပါ။
  4. ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ မဆလာတို့ထည့်နယ်ပြီးရင် ဆီပူပူတွင် ဗယာကြော် စကြော်လို့ရပါပြီ။ (အရောင်အတွက် နနွင်းမှုန့် ထည့်နိုင်ပါတယ်။)
  5. ဗယာကြော်ကြော်တဲ့ အခါ မီးသိတ်ပြင်းရင် အပြင်ဖက်ကျွမ်းသွားပြီး အတွင်းဖက် မကျက်ပဲဖြစ်ပါလိမ့်မည်။ မီးအားပျော့ရင် ဗယာကြော်က ဆီတွေစုပ်ထားပါ လိမ့်မည်။
  6. ပျဉ်းတော်သိမ်ရွက်ရနိုင်လျှင် ၅-၆ရွက်ခန့်ကို ခြွေလှီးပီး ထည့် နိုင်ပါသည်။

Credit: Meemeetofu

Review

User Rating

0 (0 Votes)