လူအများစုက ဗိုက်သား အဆီထုတ်ပြသနာတွေ ရင်ဆိုင်နေကြရပါတယ်။ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ အိပ်မပျော်ခြင်းစတဲ့ ကျန်းမာရေးပြသနာများစွာ ဖြစ်စေနိုင်တာကြောင့် ဒီအဆီတွေကို အဆိုးဆုံး အဆီအဖြစ် သတ်မှတ်ထားပါတယ်။

သို့ပေမယ့်လည်း ပုံမှန်ကိုယ်လက်လှုပ်ရှားခြင်းအတွက် အချိန်မရှိသူများအတွက် ဒီဖျော်ရည်က ကြီးမားတဲ့အကျိုးကျေးဇူးရရှိစေနိုင်ပါတယ်။ ဝမ်းဗိုက်အတွင်း အဆီလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန် လျင်မြန်စွာ လျော့ကျစေမှာဖြစ်တယ်။

ခန္ဓာကိုယ်မှ အဆိပ်အတောက်များ ဖယ်ရှားဖို့ လှုံ့ဆော်ကာ အစားအစာမှ အာဟာရများစုပ်ယူစေပါတယ်။ ဒီ့ပြင် မိမိကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်သော အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်များမှ ခန္ဓာကိုယ်ကို ကာကွယ်ပေးပါတယ်။

ပါဝင်သည့်ပစ္စည်းများ

  • ဂျင်းခြစ် လက်ဖက်ရည်ဇွန်း (၁) ဇွန်း
  • သခွားသီး (၁) လုံး
  • သံပုယိုသီး (၁) လုံး
  • တရုတ်နံနံ (၁) ခက်
  • ရေဖန်ခွက်ဖြင့် ၃ပုံ ၁ပုံ

ပြင်ဆင်ဖော်စပ်နည်း

ပါဝင်ပစ္စည်းအားလုံးကို သစ်သီးဖျော်စက်တစ်ခုနဲ့ ကောင်းစွာရောသမမွှေပါ။

သုံးပုံသုံးနည်း

ဒီအဖျော်ရည်ကို ညမအိပ်ခင်တိုင်း သောက်ပေးရပါမယ်။

Trend Myanmar

Credit: PannPwint-Health