ဗိုက်ခေါက်အဆီပျဉ်တွေချဖို့အတွက် gym ဆော့ကြသော်လည်း အထိရောက်ဆုံးနှင့် အလွယ်ကူဆုံးနည်းကတော့ အဆီဆဲလ်တွေကို ဖြိုခွင်းပေးနိုင်သော ကျန်းမာရေးနှင့် ညီညွတ်တဲ့အစားအစာများကို စားသောက်ခြင်းပဲ ဖြစ်ပါတယ်။

၁။ ကွေကာအုတ်(အကြမ်း)

ကွေကာအုတ်(အကြမ်း) တွေက အရသာမရှိသော်လည်း ဆာလောင်မွတ်သိပ်မှုကို ပြေပျောက်စေတဲ့အပြင် ကျန်းမာရေးနှင့် ညီညွတ်စေတာကြောင့် နံနက်စာ အာဟာရအဖြစ် မှီဝဲသင့်ပါတယ်။ ¤င်းထဲမှာပါရှိတဲ့ အမျှင်ဓာတ်များက ခန္ဓာကိုယ်ကိုဆိုးကျိုးပေးတဲ့ LDL ကိုလက်စထရောကို ထိရောက်စွာ ထိန်းညှိပေးပါတယ်။ ကွေကာအုတ်(အကြမ်း)များကို City Mart ဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။

၂။ ကြက်ဥ

ကြက်ဥဟာ ပရိုတင်းစုဝေရာအရင်းအမြစ်ဖြစ်တဲ့အပြင် ကယ်လိုရီပါဝင်မှုနည်းပါးတာကြောင့် ကျန်းမာရေးကို လွန်စွာကောင်းကျိုးပြုပါတယ်။ ဒါ့ပြင် ကြွက်သားများကို ကျစ်လစ်စွာတည်ဆောက်စေပြီး ခန္ဓာကိုယ်ကို ကောင်းကျိုး ပြုတဲ့HDL ကိုလက်စထရောကို ပွားများစေပါတယ်။

၃။ ပန်းသီး

ပန်းသီးထဲမှာ ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင် ပစ္စည်းများအပြင် အခြားအားဖြည့်ပစ္စည်းများလည်း ပါရှိနေပါတယ်။ အထူးသဖြင့် ပန်းသီးထဲရှိ Pectin ဓာတ်က မလိုလားအပ်တဲ့ အဆီတွေကို လျော့ချပေးပါတယ်။

၄။ ငရုတ်သီးစိမ်း

ငရုပ်သီးစိမ်းထဲမှာပါရှိတCapsaicin ဓာတ်က ခန္ဓာ ကိုယ်တွင်းရှိ အကျိုးပြုဆဲလ်များကို ဖွံ့ဖြိုးတိုးတက်စေနိုင်သလို မလိုလားအပ်တဲ့ ကယ်လိုရီများကိုတော့ အချိန်တို အတွင်းမှာ လောင်မြိုက်ပေးနိုင်ပါတယ်။

၅။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူထဲမှာ ကူးစက်ရောဂါ ဘက်တီးရီးယား ပိုးမွှားတွေကိုသေစေနိုင်တဲ့ Allicin (ခေါ်)အစွမ်းထက်ပိုး
သတ်ဆေး ပါရှိနေပါတယ်။ ကြက်သွတ်ဖြူက အဆီပိုတွေကို လျော့ကျစေတဲ့အပြင် မကောင်းသောကိုလက်စထရော များကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

၆။ ပျားရည်

ပျားရည်အဟောင်း (တစ်နှစ်ကျော်ပျားရည်) က အဆီပိုတွေကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံးဆေးစွမ်းတစ်ခွက်ဖြစ်ပါတယ်။ နံနက်အိပ်ယာထတိုင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာပမာဏရှိတဲ့ ပျားရည်ကို ရေနွေးဖြူဖြင့် သောက်ပေးသင့်ပါတယ်။

၇။ ရေနွေးကြမ်း

Photo Credit: Healthline

လဖက်ခြောက်ရေနွေးကြမ်းက ကိုယ်အလေးချိန်ကျစေတဲ့ အကောင်းဆုံးဖျော်ရည်တစ်မျိုးပါ။ ကျန်းမာနုပျိုစေသော ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါရှိတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် ရေနွေးကြမ်းကို အနည်းဆုံး တစ်နေ့နှစ်ခွက် သောက်ပေးသင့်ပါတယ်။

၈။ ဂျုံမြက်

Wheat Grass (ခေါ်) ဂျုံမြက်များဟာ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေတဲ့အပြင် အဆီပိုတွေကိုပါ
လျော့ချပေးနိုင်ပါတယ်။ အသင့်သောက်Wheat Grassဖျော်ရည်ဘူးများကို City Mart ဆိုင်းတွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။

၉။ ခရမ်းချဉ်သီး

အဆီပိုတွေကို အချိန်တိုတွင်းမှာ လောင်မြိုက်စေဖို့အတွက် ခရမ်းချဉ်သီးကို ဓာတ်စာအဖြစ် မှီဝဲအားကိုးထိုက်ပါတယ်။

ဒါ့ပြင် ခရမ်းချဉ်သီးက ကင်ဆာရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်တာကြောင့် ဟင်းချက်၍ တစ်မျိုး၊ ဖျော်ရည်လိုတဖုံ သောက်သုံးသင့်ပါတယ်။ (ဂေါက်ရောဂါရှိသူများက ခရမ်းချဉ်သီးအစေ့ကို ဖယ်၍စားပေးသင့်ပါတယ်။)

၁ဝ။ အနက်ရောင် ချောကလက်

ချောကလက် (အနက်ရောင်) ထဲမှာပါတဲ့Flavonoids

ဓာတ်ပေါင်းစုက သွေးထဲရှိ ကိုလက်စထရောကို လျော့ချပေးနိုင်ပါတယ်။ အနက်ရောင်ချောကလက်က ဦးနှောက် ပင်ပန်းနွမ်းနယ်မှုတွေကို သက်သာစေကာ စိတ်ကိုကြည်လင်လန်းဆန်းသွားစေတဲ့အပြင် အဆီပိုတွေကိုပါ လောင်မြိုက်စေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Mirror Daily