ဈေးထဲမှာတွေ့ရလေ့ရှိတဲ့ ပဲလေးတွေကို အရံဟင်းလေးတစ်ခွက်အဖြစ် ချက်ကြည့်ရအောင်။ ပဲဟင်းလေးဆိုတော့ အစပ်မကြိုက်တဲ့ ကလေးတွေ၊ လူကြီးတွေပါ အကြိုက်တွေ့မှာ အသေချာပါ။

ပါဝင်ပစ္စည်း

  • ဗိုလ်ကိတ်ပဲ ၁ဗူး(နို့ဆီဗူး)
  • ကြက်သွန်ဖြူ ၁ဥ
  • ကြက်သွန်နီ ၂ဥ
  • ဆီ ၂ကျပ်သားခန့်၊ ဗမာနံနံ
  • ဆား၊ ဆနွင်း၊ ဂျင်း အနည်းငယ်

ပြုလုပ်နည်း

အိုးထဲ ဆီ ထည့်ပြီး ဆနွင်းနဲနဲ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ရော ဆီသက်ပါ။ ပြီးလျှင် ပဲနှင့် ရေထည့်ပါ။

ခဏနေမှ ဆား ထည့်ပါ။ ဆီပြန်လျှင် ဗမာနံနံခတ်ပြီး သုံးဆောင် နိုင်ပါသည်။

Credit: Daw Suu Suu