မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဘူးသီးကို မုန့်နှစ်နဲ့အကြော်အနေနဲ့လည်းမဟုတ်ဘူး၊ အသားတွေနဲ့လည်းမချက်ဘဲနဲ့ အချဉ်နှပ်ပြီးကြော်စားကြရအောင်။ ချဉ်ချဉ်လေးနဲ့ အရသာကောင်းလွန်းလို့ ထမင်းမြိန်မှာအသေအချာပါပဲ။

ပါဝင်ပစ္စည်းများ

ဗူးချဉ်

ခရမ်းချဉ်သီး

ကြက်သွန်နီ

ကြက်သွန်ဖြူ

ငြုပ်ကြမ်းမှုန့်

ငြုပ်သီးစိမ်း

ဆီ

ပြုလုပ်နည်း

ဗူးသီး အသား ခြစ်ပြီး အချဉ်တည် ထားတာ ဝယ်ပီး ခရမ်းချဉ်သီး၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငြုပ်ကြမ်းမှုန့် နှင့် ဆီသက်ပါ။

ပြီးလ ျှင် ဗူးချဉ်ထည့် ၊ ကျက်သည်ထိ ဆီပြန်အောင် ကြော်ပါ။

ငြုပ်သီးစိမ်း ထည့်ပြီး အချို အငံ ထည့်ပြီး သုးံဆောင် နိုင်ပါသည်။

*ဗူးချဉ်လုပ်နည်း – ဗူးသီး အသားကို ခြစ်ပြီး ဆား ၊ နနွင်း ၊ ကောက်ညှင်ဆန် ၊ ထမင်းရေ အအေးခံ နယ်ပြီး ဖန်လုံဗူးထဲ ထည့်ပြီး အချဉ်တည်ပါတယ်။

Credit: Daw Suu Suu