စပျစ်သီးစားရတာ မကြိုက်တဲ့လူ ရှိပါလား။ လူတိုင်းကတော့ အစားအစာတစ်ခုကို ပုံသေကြိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တချို့ကလည်း မကြိုက်တာ အစေ့တွေက ရှုပ်နေလို့ အခွံတွေ ပြန်ထွေးထုတ်ရလို့ ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ မကြိုက်ကြတာပါ။ ဒါဆိုရင်တော့ ဖျော်ရည်လုပ်သောက်ရင်ရော သောက်ကြတယ်မလား မေးရင် ရက်စ်လို့ ဖြေပါလိမ့်မယ်။

စပျစ်သီးဟာ ဗီတာမင်၊ သတ္တုဓာတ်၊ အာဟာရဓာတ်နဲ့ အင်တီအောက်စီးဒင့်တွေ အများအပြားပါဝင်ပြီး လူကိုယ်ခန္ဓာကို အကျိုးဖြစ်စေပါတယ်။ ဒါကြောင့် အသီးစားရတာ မကြိုက်ရင်တော့ ဖျော်ရည်လုပ်သောက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ အကြောင်းပြချက်အချို့ ရှိနေလို့ပါ။

အစာကြေလွယ်ခြင်း

န့စဉ် စပျစ်သီးဖျော်ရည် သောက်ပေးခြင်းဟာ အစာကြေဖျက်အားကို ကောင်းမွန်စေပြီး ကိုယ်ခန္ဓာထဲက ဗီတာမင်စီ ကို မြင့်တင်ပေးပါတယ်။ အထူးသဖြင့် အသက်အရွယ် အလယ်အလတ်သမားတွေ သောက်သုံးသင့်တယ်လို့ Medicinal Food Journal ကနေ အကြံပြုထားပါတယ်။

နှလုံးသွေးကြောပိတ်ဆို့ခြင်းကို ကာကွယ်နိုင်

စပျစ်သီးဖျော်ရည်ဟာ နှလုံးသွေးကြောအတွင်း ပိတ်ဆို့ခြင်းကို ကာကွယ်နိုင်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

စိတ်ဖိစီးမှုကို လျှော့ချနိုင်

စပျစ်သီးအနီ ဖျော်ရည်ဟာ အလုပ်များပြီး စိတ်မကြည်မလင်ဖြစ်တာတွေ ခေါင်းအုံပြီး နေလို့မကောင်းတဲ့အချိန်တွေမှာ သောက်ပေးနိုင်ပြီး စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

သွေးဖိအားကိုထိန်းသိမ်းပေး

စပျစ်သီးမှာ ပါတဲ့ အင်တီအောက်စီးဒင့်နဲ့ ဖလာဗိုနိုရစ်ဟာ သွေးဖိအားကို ထိန်းသိမ်းပေးထားနိုင်ပါတယ်။

ကိုယ်အလေးချိန်ကို လျှော့ချနိုင်

လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့ အချိန်တွေမှာ သောက်သုံးသင့်ပြီး ကိုယ်အလေးချိန် လျှော့ချနေသူတွေ အတွက်ကတော့ အဖော်မွန်ပါပဲ။

Credit: zeenews