ညနေခင်းအစာပြေ မယ်ဥုံကြော်တဲ့  မြိတ်ကတ်ကြေးကိုက်..ပအုန်းရည်လေးနဲ့ကြော်ထားလို့ ကောင်းမှကောင်း

ပါဝင်ပစ္စည်းများ

    • ညှပ်ခေါက်ဆွဲ(ခ)ဆန်ခေါက်ဆွဲ – ၂ပိဿာ (တပိဿာဆီခွဲပြီးပဲနောက်ရည်အနည်းငယ်လူးထားပါ။)
    • ပုဇွန်ဘော့ချိတ်အခွံအကုန်ခွာ – တစ်ပိဿာ
    • ကြက်သားအသားလွှာသေး – ၃၀ သား
    • ဂေါ်ဖီ – တစ်ထုပ် (အနေတော်လှီး)
    • ဥနီ – ၂၅ သား (ပါးပါးလှီး)

‌ေ

  • ပဲတီပင်ပေါက် – ၅၀ သား
  • ကြက်သွန်နီ – ၅ လုံး (သေးသေးတုံး )
  • ကြက်သွန်ဖြူ – ၁၀ သား (ပါးပါးလှီးဆီချက်ချက်ထား )
  • ဘဲဥ – ၁၅ လုံး (နာနာခေါက်ပြီးအကြေကြော်ထား)
  • ကြက်သွန်မိတ် – ၅၀၀ ဘိုး (တလက်မအရွယ်ညှပ်ထား )
  • ပအုန်းရည် – အကြမ်းပုဂံ၂လုံး
  • ငြုပ်ကောင်းမူန့်
  • ဆား
  • သကြား
  • ဟင်းခတ်မူန့်
  • ဆီ

ပြင်ဆင်ပြုလုပ်နည်း

  1. ဒယ်အိုးကြီးနဲ့ ၂ဒယ်ခွဲကြော်ပါမယ် ။ ဒယ်အိုးထဲ ဆီ၁၀သားထည့် ဆီပူရင် ဆားနဲ့သကြားထည့် ဆီသတ်ပြီး ပုဇွန်နဲ့ကြက်သားထည့် ဆီသတ်ပါ ။ ဟင်းခတ်မူန့် ၊  ငြုတ်ကောင်းမူန့်ထည့်ဆီသတ်ပြီး ပုဇွန်နဲ့အသားကျက်ရင် ဂေါ်ဖီ ၊ ဥနီ ၊ ပဲတီပင်ပေါက်ထည့် ရေနည်းနည်းထည့် သမအောင်မွှေပြီး ခနအုပ်ထားပါ ။
  2. အငွေ့ထွက်ရင် အဖုံးဖွင့်ပြီး ပအုန်းရည်ထည့်ပြီး ပေါ့ငန်မြည်းပါ ။ အရသာ အငန်လေးထားပါ ။ ဒါမှ ညှပ်ခေါက်ဆွဲတွေ ထည့်ရင် အရသာအတော်ဘဲ နေမည်ဖြစ်သည် ။ ညှပ်ခေါက်ဆွဲအပေါ်က ကြက်သွန်ဖြူဆီချက်ဖြူးပြီး သမအောင်မွှေ အပေါ်ကဘဲဥကြော်နဲ့ ကြက်သွန်မြိတ်ဖြူးပြီး အဖုံးပြန်အုပ်ထားပါ ။ ခနနေအဖုံးဖွင့်ပြီး ကျန်နေတဲ့ရေလေး ခမ်းတဲ့ထိ သမအောင် အထက်အောက် မွှေပေးပြီး ဆီပြန်ပြီးမွှေးလာရင် ပအုန်းရည်နံ့သင်းသင်းလေးနဲ့ ဘိတ်ကတ်ကြေးကိုက်ရပါပြီ ။ ပဲပြုတ်ရှိရင် ထည့်ကြော်ပါ ။ ပိုပြည့်စုံတာပေါ့ ။

အချဉ်အတွက်ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ
  • ငြုတ်သီးစိမ်း
  • ပအုန်းရည်
  • ငံပြာရည်
  • ပဲငံပြာရည်အကြည်ပြုလုပ်နည်း1. ကြက်သွန်ဖြူ နှင့် ငြုတ်စိမ်း ပါးပါးလှီးထားတဲ့ ခွက်ထဲကို ပအုန်းရည် ၊ ငံပြာရည် ၊ ပဲငံပြာရည်အကြည် နည်းနည်းစီနဲ့ စပ်ထားတဲ့ ချဉ်ငန်စပ်လေးနဲ့တွဲစားနိူင်ပါပြီ ။ ဒါမှမဟုတ် ကြက်သွန်နီကို ပါးပါးလှီးပြီး ချီလီဆော့နှင့် နယ်ပြီးလည် တွဲစားလို့ ရပါသည်။

    Credit : Ohnmar Kyi