ဘီယာကို နေ့တိုင်းသောက်ရင်ဘယ်လို သက်ရောက်မှုတွေရှိတယ်ဆိုတဲ့ ဆောင်းပါးတွေကို တော်တော်များများ ဖတ်ဖူးကြမှာပါ။ ဒါပေမယ့် စာတွေ့ဘဲရေးသားပြီး လက်တွေ့ဓာတ်ပုံတွေမပါတာကြောင့် လူတွေစိတ်ထဲမှာ အလေးထားမှု သိပ်မရှိကြပါဘူး။

Bright Side မီဒီယာက တစ်နေ့ကို ဘီယာ ၁ခွက်ကို နေ့စဉ် ၁လတိတိ သောက်တဲ့အခါမှာဖြစ်လာတဲ့ ပုံစံကို ဓာတ်ပုံတွေနဲ့ တစ်ဆင့်ချင်းစီ စမ်းသပ် ဖော်ပြခဲ့ပါတယ်။

ဒီစမ်းသပ်ချက်ကို ပြုလုပ်တဲ့သူမှာ Bright Side မီဒီယာ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး သူ့မှာ အကျင့်ဆိုးတွေ သိပ်မရှိလှပါဘူး။ မနက်ဆိုရင် အမြဲတမ်း ထပြေးတယ်၊ အရက်ကို ပွဲတွေသွားမှ သောက်ဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်မလုပ်ခင် သူ့ကျန်းမာရေးအခြေအနေကို လည်းစစ်ဆေးပြီး အားလုံးပုံမှန်ဖြစ်တော့မှ ဒီစမ်းသပ်ချက်ကို စလုပ်ခဲ့တာဖြစ်ပါတယ်။

သူက တစ်နေ့ကို ဘီယာ ၁၇ အောင်စ စပြီး နေ့စဉ်သောက်ခဲ့ပါတယ်။ ရက် ၃၀၊ ၁လပြည့်တဲ့အခါမှာ ကျန်းမာရေးကိုပြန်စစ်ဆေးပြီး ဘာတွေပြောင်းလဲသွားလဲဆိုတာကို မှတ်တမ်းတင် ရေးသားထားပါတယ်။

14844060-29029710-6-1498220782-0-1498397509-0-1498407550-1498407557-650-1-1498407557-650-04f9ebaa03-1498548640

ပထမအပတ်

ဘီယာကိုနေ့စဉ်သောက်ပြီး ပထမအပတ်မှာ တခါတခါလေ ခေါင်းကိုက်တာကို ခံစားရလာပါတယ်။ တစ်ခါမှ အဲ့လို မဖြစ်ဖူးပါဘူး။ ကျွန်တော်နေ့စဉ် မျက်နှာနဲ့ ခန္ဓာကိုယ်ကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားပါတယ်။

ဘီယာကို အမြဲလိုလိုသောက်ရင် ဖြစ်လာနိုင်မယ့် သင့်ပုံစံကို သိချင်ပါသလား။

ဓာတ်ပုံတွေကို နှိုင်းယှဉ်လိုက်တဲ့အခါမှာ ကျွန်တော့်မျက်နှာက အရင်ကထက်ပိုဖောင်းကား လာပြီး မျက်တွင်းတွေလည်း ညိုလာပါတယ်။

ဒုတိယအပတ်

14844160-29029910-5-1498220800-0-1498397663-0-1498407671-1498407675-650-1-1498407675-650-04f9ebaa03-1498548640

အရင်ကလို ခေါင်းချတာနဲ့ မအိပ်ပျော်တော့ဘဲ မနက်မိုးလင်းထရတာလည်း ခက်လာပါတယ်။ အိပ်ပျော်ဖို့ မိနစ် ၄၀လောက်ကြာပါတယ်။ မနက်လည်း မထနိုင်တော့ဘဲ လေ့ကျင့်ခန်းလုပ်ဖို့မပြောနဲ့ဦး အလုပ်တောင် နောက်ကျပါတယ်။ အိပ်ယာထပြီးတဲ့အချိန်အထိလည်း ခေါင်းမကြည်ဘဲ ကော်ဖီပျင်းပျင်းတစ်ခွက်သောက်ပြီး ၁ နာရီလောက်မှ ခေါင်းကြည်ပြီး အလုပ်လုပ်နိုင်လာပါတယ်။

တတိယအပတ်

14844210-29030010-4-1498220805-0-1498397832-0-1498407731-1498407733-650-1-1498407733-650-04f9ebaa03-1498548640

တတိယအပတ်မှာတော့ လုပ်ဖော်ကိုင်ဖက်တွေတောင် ကျွန်တော်ရဲ့ ပြောင်းလဲလာမှုတွေကို သတိထားမိလာပါတယ်။ အလုပ်ကို စိတ်ဝင်စားမှုနည်းလာတယ်။ အရင်ကဆိုရင် ၄နာရီနီးပါး အနားမယူဘဲနဲ့ ဆက်တိုက် အလုပ်လုပ်နိုင်ပါတယ်။ အခုဆိုရင်တော့ တစ်နာရီကြားတစ်ခါလောက် နားနေရပါတယ်။ အလုပ်ချိန်ပြီးဖို့အတွက် တချိန်လုံးနာရီကြည့်ပြီး တွက်ကြည့်နေလာပါတယ်။

စတုတ္ထအပတ်

14844260-29030110-4-1498220805-0-149826420422-0-1498408262-1498408276-650-1-1498408276-650-04f9ebaa03-1498548640

အရင်က ကျွန်တော်နေ့တိုင်းနီးပါး မနက် ထပြေးပေမယ့် စမ်းသပ်နေတဲ့အချိန်မှာလည်း မနက်ထပြေးတဲ့အကျင့်ကို မပျက်အောင် ကြိုးစားပါတယ်။ ဒါကြောင့် ရံဖန်ရံခါ မနက်မှာပြေးလေ့ရှိပါတယ်။

ရာသီဥတု ဆိုးနေရင်တောင် အနည်းဆုံး ၇ မိုင်လောက် ကျွန်တော်ပြေးနိုင်ပါတယ်။ ဘီယာသောက်ပြီးနောက်ပိုင်း ၃မိုင်ခွဲလောက်တောင် မနည်းပြေးရတယ်။

ကျွန်တော်လေ့ကျင့်ခန်း လုပ်နေတာတောင် ကိုယ်အလေးချိန်က ချက်ချင်းဆိုသလိုတက်လာတယ်။ ခါးပတ်လည်၊ ဗိုက်တို့မှာလည်း အဆီတွေစုလာတယ်။

ကျွန်တော့်စမ်းသပ်ချက် ပြီးတဲ့နောက်မှာ ကျန်းမာရေး စစ်ဆေးမှုပြန်လုပ်ခဲ့ပါတယ်။

ကျွန်တော့်မျက်နှာတွေဖောင်းနေတယ်၊ အသက်ရှူမဝဘူးဖြစ်နေတာတွေက သွေးစီးဆင်းမှုတွေအရမ်းများနေတာကြောင့် ဖြစ်ပါတယ်။ ညဘက်အိပ်မပျော်တာတွေက ကျောက်ကပ်မှာ ပြဿနာအနည်းငယ် ရှိနေတာကြောင့် ဖြစ်ပါတယ်။

14844310-29030210-2-1498220872-0-1498264252-0-1498408303-1498408306-650-1-1498408306-650-04f9ebaa03-1498548640

ကျွန်တော့်စမ်းသပ်ချက်မှ သိရှိလိုက်တဲ့အချက်များ

ခန္ဓာကိုယ်က ပိုဆိုးလာ

တစ်နေ့ကို ဘီယာ တစ်ခွက်လောက်ဘဲ နေ့စဉ်သောက်လာတဲ့အခါမှာ မျက်လုံးပတ်လည် မှာ ညိုလာပြီး မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာကာ ဖောင်းလာပါတယ်။ ဘီယာ ဗိုက်လည်း စပြီး ရှိလာပါတယ်။

အနားယူနိုင်တဲ့ အရည်အသွေးကျလာ

အိပ်ပျော်အောင် အချိန်ယူရသလို အိပ်ယာကနေ ထရလည်း ခက်လာပါတယ်။ ၉ နာရီလောက်အိပ်ပြီးတာတောင် ပင်ပန်းနေသေးပါတယ်။

အလုပ်ကို စိတ်ဝင်စားဖို့ ခက်ခဲလာ

အိပ်ရေး မမှန်တာတွေကြောင့် စိတ်တိုလွယ်လာတယ်။ အာရုံစိုက်နိုင်မှု လျော့ကျလာပါတယ်။ အမြဲလိုလို အနားယူချင်နေပါတယ်။

ကျန်းမာရေး ထိခိုက်လာ

သွေးဖိအား ပုံမှန်မဟုတ်တာကြောင့် အသက်ရှူမဝတာတွေ နဲ့ နှလုံးခုန်မြန်တာတွေဖြစ်လာပါတယ်။ ညဘက်အိပ်တာနဲ့ပတ်သက်ပြီး ပြဿနာရှိတာကြောင့် တခါတလေ ခေါင်းကိုက်လာပါတယ်။