နေ့လည်ဘက် အဆာပြေ လုပ်ရလွယ်ကူသော ဘူးသီးကြော်လေးကို လုပ်စားဖြစ်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • ဘူးသီး                            တစိတ် (၃လက်မ အရှည်များ လှီးပေးပါ)
  • ရွှေလိပ်ပြာအကြော်မှုန့်      ၁၅၀ ဂရမ် (သို့) ဂျုံမှုန့်   ရ၀ ဂရမ်
  • ကာက်ညှင်းမှုန့်                 ၄၅ ဂရမ်
  • ဆန်မှုန့်                            ၃၅ ဂရမ်
  • ဆော်ဒါ                            ၃ပုံ၁ပုံ (   လက်ဖက်ရည်ဇွန်း)
  • ရေ                                  ၁ခွက်
  • ဆလက်ရွက်                     လိုအပ်သလို

ဆော့တွင် ပါဝင်ပစ္စည်းများ

  • မန်းကျည်ရည်                  စားပွဲတင်ဇွန်း ၃ဇွန်း
  • ငရုတ်သီးဆော့                စားပွဲတင်ဇွန်း ၂ဇွန်း(ငရုတ်သီးစိမ်း၆ထောင့်လောက်ကို ညက်အောင်ထောင်းပြီး အစပ်ကြိုက်ကထည့်ပါ။)
  • ကြက်သွန်ဖြူ                 ၂မွှာ (မညက်တညက်ထုပေးပါ)
  • နံနံပင်                            အနည်းငယ် (ပါးပါးလှီးပါ)
  • သကြား                          လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား (သို့) ငံပြာရည်         အနည်းငယ်
  • ပဲမှုန့်အကျက်မှုန့်               လိုအပ်သလို

ကြော်နည်း

  1.  အရင်ဆုံး ဇောက်ခွက် တစ်ခုထဲတွင် ရွှေလိပ်ပြာ အကြော်မှုန့်(၁၅၀ ဂရမ် )၊ ဆိုဒါ နှင့် ရေ(၁ခွက်) နဲ့ ခပ်ပျစ်ပျစ်လေး ရောမွှေပေးပါ။
  2.  ပြီနောက် ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူသည်အထိ တည်ထားပါ ။
  3.  ဆီပူလာလျှင် ဗူးသီးများကို မုန့်နှစ်ခွက်ထဲ နှစ်ပြီ ဒယ်ထဲ တစ်ခုခြင်းဆီ ဖြည်းဖြည်းခြင်း ထည့်ပေးကာ ဗူးသီးများ ရွှေအိုရောင် သန်းသည်အထိ  ကြော်ပေးပါ ။
  4.  ဗူးသီးများ ရလျှင် ဇကာဖြင့် ပြန်ဆယ်ကာ ဆီစစ်ထားပါ ။

ပြုလုပ်နည်း (အချဉ်ရည်အတွက်)

  1.  အချဉ်ရည်အတွက် ပါဝင်ပစ္စည်းများ ဖြစ်တဲ့ (မန်ကျဉ်းရည် ၊ ငရုတ်သီးဆော့ ၊ ပဲမှုန့်အကျက်မူန့် ၊ ဆား ၊ သကြား ၊ နံနံပင်) တို့ကို ခပ်ကျဲကျဲလေး ဖျော်ပေးပါ ။  ထို့နောက် ပန်းကန်ထဲတွင် ဘူးသီးကြော် ၊ ဆလတ်ရွက် ၊ အချဉ်ရည် တို့ဖြင့် အရသာရှိစွာ သုံးဆောင်လို့ရပါပြီ ။

Credit: ရတီ