မြန်မာဘူးသီးဟာ နေရာအနှံ့မှာ ဖြစ်ထွန်းသလို ကျန်းမာရေးအတွက်လည်း အင်မတန်မှ အသုံးဝင်လှပါတယ်။ ဘူးသီးမှာ ဗီတာမင်စီ| မဂ္ဂနီဆီယမ်|ဇင့်| သံဓာတ် နှင့် သိုင်ယာမင်တို့ပါဝင်တဲ့အတွက်ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေပါတယ်။ ဘူးသီးဟာ ပပ်တိုက်နှင့် အယ်လ်ကာလွိုက်ဓာတ် ပါဝင်သောကြောင့် သွေးတွင်း သကြားဓာတ်များကို ကျဆင်းစေသောကြောင့် ဆီးချိုဝေဒနာရှင်များအတွက် အသင့်အတင့် စားပေးနိုင်ပါသည်။

မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဘီတာကယ်ရိုတင်းဓာတ်ဟာ ဘူးသီးမှာ များစွာပါဝင်တဲ့အတွက် အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ သွေးကိုလည်း သန့်စင်စေသောကြောင့် ရောဂါများကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါအပြင် ဘူးသီးဟာ အစာအိမ်ရောဂါ၊ အစာအိမ် အူလမ်းကြောင်း ပိုးဝင်တာနှင့် လိပ်ခေါင်းရောဂါများကိုလည်း သက်သာစေပါတယ်။

ဆံပင်ဖြူတာကိုလည်းကာကွယ်စေပါတယ်။ ဘူးသီးမှာပါတဲ့ သတ္တုရည်ဟာ ဆံပင်ဖြူတာကို ကာကွယ်ပေးပါတယ်။ အသားဝါတာကိုလည်း သက်သာစေပါတယ်။ ဘူးရွက်မှာပါတဲ့ သတ္တုရည်ဟာ အသားဝါတာကိုလည်း သက်သာစေပါတယ်။ ဒါ့ပြင် အသားရည်ကိုစိုပြေဝင်းပအောင် ထိန်းသိမ်းပေးပါတယ်။

အစာမကြေတဲ့ ဝေဒနာကို လျော့စေပါတယ်။ ဘူးသီးမှာ အယ်လ်ကာလွိုက် ဓာတ်ပါဝင်တာကြောင့် အက်ဆစ်ဓာတ် လွန်ကဲ့မှု| အစာမကြေခြင်းနှင့် အစာအိမ်အနာတို့ကို သက်သာစေပါတယ်။ ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ ဘူးသီးမှာ ရေဓာတ်ဟာ ၉၆% ပါဝင်သောကြောင့် ဘးူသီးများ ၁၀၀ ဂရမ်စားပါက ၁၂ ကယ်လိုရီ ရရှိပါတယ်။ ဒါကြောင့် ဘူးသီးများများစားပါက ကိုယ်အလေးချိန် လျော့ကျစေပါတယ်။

အသည်းလုပ်ငန်းဆောင်တာများကို ကောင်းမွန်စေပါတယ်။ ဘူးသီးမှာ အမျှင်ဓာတ်| ရေဓာတ်| ဗီတာမင်စီ| ဇင့်(သွပ် )| ရိုင်ဘိုဖလေဗင်|သိုင်ယာမင်|မဂ္ဂနီဆီယမ် နှင့် သံဓာတ်တို့ပါဝင်မှုများပါတယ်။ ဒါကြောင့် အသည်းကို ကောင်းမွန်စေပါတယ်။ အသည်းကို ပြန်လည်အားဖြည့် သန့်စင်စေတဲ့အပြင် အက်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေးတာကိုလည်း လုပ်ဆောင်ပေးပါသည်။

ပင်ပန်းနွမ်းနယ် ညောင်းညားမှုကို သက်သာစေပါသည်။ ဘူးသီးကို စားခြင်းကြောင့် ပင်ပန်း နွမ်းနယ် ညောင်းညားမှုကို လျော့ကျစေပြီး လန်းဆန်းစေပါတယ်။ ဒါ့ပြင် ဝမ်းကိုလည်း မှန်စေပါသည်။ စိတ်စွဲလန်ခြင်းကိုလည်း သက်သာစေပါတယ်။ ဘူးသီးမှာပါတဲ့ နာ့ဗ်ကြောတွေကို အားကောင်းစေတဲ့အတွက် အလုပ်တစ်ခုကို ထပ်ခါထပ်ခါ လုပ်တတ်တဲ့ စိတ်စွဲလန်းခြင်းကိုလျော့ကျစေပါတယ်။ ဒါ့အပြင် ဘူးသီးဟာသွေးတိုးကိုကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါကိုပါ သက်သာစေတဲ့ အစွမ်းရှိပါသေးတယ်။

M . A = Aung Win Hlaing