ဘဲသား - Duck | ယိုးဒယား - Thai | ဟင်း - Curry

ဘဲကင်အုန်းနို့ဟင်း

May 21, 2016

ဘဲကင်အုန်းနို့ဟင်း

Share this on:

ပါဝင်ပစ္စည်းများ

  • ဘဲကင်ရင်ပုံသား - ၂ ခု ( လက်မ၀က်အထူလောက်လေးလှီးပါ)
  • အနီရောင်ဟင်းချက်အနှစ် - ၁ ဇွန်း( ထမင်းစားဇွန်း)
  • အုန်းနို့ - ၀.၇၅ လီတာ
  • ခရမ်းကြွပ်သီး - ၆ လုံး ( လေးစိတ်ခွဲ )
  • ခရမ်းကစော်ခါးသီး - ၂၀ လုံးခန့်
  • နာနတ်သီး - ၂ စိတ် ( လက်မ၀က်အရွယ်လေးများတုံးပါ)
  • ချယ်ရီခရမ်းချဉ်သီး - ၈ လုံး( ချယ်ရီမရပါကရိုးရိုးကို၈ စိတ်ခွဲပါ )
  • တောရှောက်ခါးရွက် - ၃ ရွက် (အမျှင်လေးတွေလှီးပါ )
  • ထိုင်းပင်စိမ်း(မိုရက်ဖာ) - ၃ ညွှန့် ( အလှဆင်ရန်)
  • ငရုတ်သီးတောင့်နီ - ၂ တောင့် ( ခပ်စောင်းစောင်းလေးလှီးပါ)
  • ငါးငံပြာရည် - ၂ ဇွန်း ( ထမင်းစားဇွန်း)
  • သကြား - ၁ ဇွန်း ( ထမင်းစားဇွန်း)
  • ဟင်းခတ်မှုန့် - ၁ဇွန်း ( လက်ဖက်ရည်ဇွန်း)
  • ထန်းလျက်သေးသေး - ၁ လုံး ( ခပ်ကြေကြေလေးရိုက်ခွဲထားပါ )

ပြင်ဆင်ပြုလုပ်နည်း

  1. ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကို အပူပေးပြီး အုန်းနို့ကို ဆီပြန်လာသည်အထိ ဆီသတ်ပေးပါ ။  အုန်းနို့ ဆီပြန်လာပြီဆိုရင်အနီရောင်ဟင်းချက်အနှစ်ကို ထည့်ပြီး ဆီသတ်ပါ ။  အနံအနည်းငယ်မွှေးပြီး ဆီပြန်လာလျှင် ဘဲကင်တွေ ထည့်ပေါင်းပါ ။
  2. ထို့နောက် တောရှောက်ခါးရွက် ၊ ခရမ်းကြွပ်သီး ၊ ခရမ်းကစော်ခါးသီးတွေထည့်ပြီး ပါဝင်သော အရသာများဖြင့် ဖြည့်စွက်ကာ ရေအနည်းငယ်ထည့်ကာ အဖုံးပိတ်ထားပါ ။
  3. တစ်ပွက်ဆူလာပြီဆိုရင် ချယ်ရီခရမ်းချဉ်သီး ၊ နာနတ်သီး ၊ ငရုတ်တောင့်နီတွေ ထည့်ပြီး ထိုင်းပင်းစိမ်းလေး အလှဆင်ကာ သုံးဆောင်နိုင်ပါသည် ။
Credit: ဟင်းချက်နည်းများ

Review

User Rating

4.5 (2 Votes)