ပါဝင်ပစ္စည်းများ

  • ဘဲ ၁ကောင်
  • ပျားရည် ၁ခွက်
  • ကတ်စေးနဲ ၁ခွက်
  • ကြက်ရိုးပြုတ်ရေ အတော်အသင့်ဘဲမြုတ်ရုံ
  • တရုပ်မဆလာ ၁ဇွန်းtbsp
  • ဂျင်း၊ ကြက်သွန်ဖြူ / နီ ဓါးပြားရိုက် အနည်းငယ်
  • သကြား ၃ဇွန်းtbsp
  • ပဲငံပြာရည်အပြစ် ၃ဇွန်းtbsp
  • ဆန်ရှာလကာရည် ၁ခွက်
  • လိမ္မော်သီး ၁လုံး အခွံခွါအစေ့ထုပ်

ပြုလုပ်နည်း

ဘဲကို သန့်စင်အောင် ဆေးကြောကာ အခြောက်ခံ ထားပါ ။ ပြီးပါက လည်ပင်းမှ ချိတ်၍ ၊ ဆွဲရျ် နေပူပူတွင် လှမ်းပေးထား ရပါမည်။ အရေခွံများ တင်းလာသည် အထိ လှန်းပေးရပါမည်။ အိုခေပြီ ဆိုရင်တော့ ဘဲကို ဆီပူပူဖြင့် နေရာအနှံ့ လောင်းပေးရပါမယ်။

ထို့နောက် အရသာများကို လုံးနယ် ပေးရပါမည်။ ကတ်စေးနဲ၊ ပျားရည် သကြားတို့ကို ရေနည်းနည်းဖြင့် မပျစ်မကျဲလေး သုပ်လိမ်းပေးရန် အတွက်သာ ခွက်တစ်ခွက် ထဲတွင် မွှေထား ပေးရပါမည်။

ဂျင်း၊ ကြက်သွန်ဖြူ/ နီ တို့ကို လိမ္မော်သီးဖြင့် ရောကာ ဘဲ၏ ဝမ်းဗိုက်အတွင်းသို့ သွတ်သွင်း ပေးရပါမည်။မဆလာပါ နည်းနည်း ရောထည့် ပေးလိုက်ပါ။

အားလုံး ok ရင်တော့ ဘဲအား တိုင်ကီဖြင့် မီးအေးအေး သုံးကာ ကင်ပေး ရပါမည်။ ထိုကဲ့သို့ ကင်နေစဉ် အတွင်း၌ ဘဲအား ကတ်ဆေးနဲများ သုပ်လိမ်း ပေးရပါမည်။ ၁၅မိနစ်တစ်ကြိမ် သုပ်လိမ်းပေးရန် လိုအပ်ပါသည်။

ဘဲသည် ရွှေအိုရောင် သန်းလာပါက အိုးအတွင်းမှ ထုပ်ကာ စားသုံးနိုင်ပါပြီ။

ဘဲကင်နည်းတွေ အများကြီးထည်းမှ တစ်နည်းပေါ့နော်။ ဤနည်းဗျူဟာမှာ တရုပ်နည်း ပညာရပ် တစ်ခုသာ ဖြစ်ပါသည်။အခြားသော ကင်နည်းမျိုးစုံလည်း ကျန်ပါသေးသည်။

Credit: သံယောဇဉ်