ဘဲကင်

Share this on:

Layရဲ့ ဘဲကင်နည်း မျှဝေ ပေးပါရစေနော်။  ကိုယ်တိုင်လုပ်စားတော့ ဈေးလဲ သက်သာပြီး သန့်ရှင်း လပ်ဆပ်စွာ စားရတာမို့ အချက်အပြုတ် ဝါသနာ ပါသူများ ကိုယ်တိုင် လုပ်စားကြည့် ကြပါလား။  ဘဲကင်ကို ရေစစ်အောင် ကင်ထားရင် ၃ ရက် လောက် ထားထားလို့ ရတာကြောင့် ဆိုင်ရောင်း သမားတွေ အနေနဲ့ တရက်တည်းနဲ့ ရောင်းမကုန်ရင် ထားပြီး ရောင်းကြတာပါ။ ပြန်နွေးလိုက် ရောင်းလိုက်နဲ့မို့ ကိုယ်တိုင် ကင်စားတာဟာ အကောင်းဆုံး ပဲလို့ ထင်မိပါတယ်။

ပါဝင်ပစ္စည်းများ

  • ဘဲ - ၁ပိဿာခန့် တစ်ကောင်
  • ဆားထမင်းစားဇွန်း - ၁ဇွန်း
  • ငရုပ်ကောင်းမှူန့် - ၁ဇွန်း
  • ပဲငံပြာရည် - ၁ဇွန်း
  • သကြား -၂ဇွန်း
  • ရှာလကာရည် - ခွက်ဝက်
  • လိမ္မော်ရောင် Food Colour - ၂ စက်ခန့်
  • ကြက်သွန်ဖြူ. - တစ်ဥ
  • ဂျင်း - လက် တဆစ် ခန့်
  • နှမ်းဆီ - ထမင်းစားဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

  1. ဘဲကို ဝမ်းဗိုက် အတွင်း ကလီစာများ ထုတ်၍ ဆေးကြော သန့်စင် ထားပါ။
  2. ကြက်သွန်ဖြူ နှင့် ဂျင်းကို ညှက်အောင် ထောင်းထားပြီး ဆား ၊ ပဲငံပြာရည် ၊ ငရုပ်ကောင်းမှူန့်တို့နဲ့ ရောစပ်ပြီး ဘဲရဲ့ ဝမ်းဗိုက် အတွင်း ပိုင်းသို့ နမ့်စပ်အောင် သုပ်လိမ်းပြီး ဝမ်းဗိုက်အတွင်းသို့ လေအနည်းငယ် မုတ်ထည့်ပြီး အပေါက်ဝကို သွားထိုးတုတ်ဖြင့် ထိုးပိတ်ပါ။  
  3. သကြားနဲ့ ရှာလကာရည်ကို ကျိုပြီး လိမ္မော်ရောင် ဆိုးဆေး အငယ်နဲ့ ရောပြီး ဘဲ၏ အပြင်ပိုင်းကို နမ့်အောင် သုပ်လိမ်းပါ။
  4. ပြီးပါက နာရီဝက်ခန့် လေသလပ်ကာ အခြောက်ခံထားပါ။ ပန်ကာဖြင့် မုတ်ပေးလဲ ရပါတယ်။
  5. Ovenထဲ မီးအပူချိန် 180°အပေါ်မီး၊ အောက်မီး ၁၅မီနစ်ခန့် အပူပေးထားပြီးမှ ဘဲထည့်ကင်ပါ ။ အာက်ထပ်မှာ ဗန်းခံထားပါ ။  ဆေးကြောရ လွယ်အောင် ခဲစက္ကူ ခံထားလို့ ရပါတယ် ။
  6. မီနစ် ၅၀ခန့် ကင်ပေးပါ ။၂၅မီနစ် တခါ ဖွင့်ကြည့်ပြီး နှမ်းဆီသုတ် လိမ်းပေးပါ ။  ဆီလိမ်းရခြင်းက ဘဲသားရေ အရောင်လှဖို့နဲ့ ကြွတ်ကြွတ်လေး ရဖို့ဖြစ်ပါတယ် ။
  7. မီနစ် ၅၀ ပြည့်ပါက အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ဘဲကင်လေး ရပါပြီ။  ဘဲကင်ကိုအအေးခံပြီးမှ မိမိနှစ်သက်သလို ခုတ်ပိုင်းပြီး သုံးဆောင်နိုင်ပါပြီ။
  8. Oven မရှိပါက မီးသွေးဖိုပေါ် သံဇကာတင်ပြီး ဘဲကို ခဲစက္ကူဖြင့် အလုံ ပတ်ကာ ကင်နိုင်ပါတယ်။
  9. မှတ်ချက်။ ။အချိုမှုန့်၊ ဟင်းခတ်မှူန့် မသုံးထားပါ။ ဘဲ၏ သဘာဝ အချိုဓာတ်ကိုက အရသာ ရှိပြီးသားမို့ပါ။ဘဲသားဟာ ကြက်သားနဲ့ မတူပဲ အရမ်းနူး ညံ့ပါတယ်။ ဒါကြောင့်မို့ မသုံးတာပါ။
Credit: Thida Lay Lay

Review

User Rating

4 (6 Votes)