ပါဝင်ပစ္စည်းများ

  • ဘဲ ၆၅ကျပ်သားခန့်တစ်ကောင်
  • ပဲငံပြာရည် ထမင်းစားဇွန်း ၈ဇွန်း
  • သကြား ၂ဇွန်း
  • ခရုဆီ ၂ဇွန်း
  • ကြက်သွန်ဖြူ ၁ဥ
  • ဂျင်း လက်မခန့် ၁တုံး
  • နာနတ်ပွင့် ၂ပွင့်
  • ဟင်းခတ်မှူန့် ၁ဇွန်း
  • ပဲနှောက်ရည် ၁ဇွန်း

ပြုလုပ်နည်း

  1. ဘဲကို ဆေးကြော သန့်စင်ပြီး ဟင်းခတ်မှူန့် ပဲငံပြာရည်၊ သကြား၊ ခရုဆီ တို့နဲ့ ရောနယ်ကာ ၂နာရီခန့် နှပ်ထားပါ။
  2. ရေတစ်လီတာခွဲခန့် ဆူအောင် တည်ပြီး နာနာပွင့်၊ ကြက်သွန်ဖြူ၊ ဂျင်းနဲ့ ပဲနှောက်ရည် တို့ကိုထည့်၍ ရေပွက်ပွက် ဆူပါက ဘဲထည့်ကာ အဖုံးအုပ်၍ မီးပြင်းပြင်းနဲ့ နာရီဝက်၊ မီးအရှိန်လျှော့ကာ မီးဖြည်းဖြည်းဖြင့် မီနစ် ၄၀ပေါင်းပါ။
  3. အပေါ့အငံ မြည်းပြီး ဘဲသားနူးပြီ ဆိုပါက မီးပိတ်ကာ အနေတော် လှီးဖြတ်၍ အချဉ်ရည်ဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ။
  4. ကြက်သားနဲ့လဲ ပေါင်းလို့ ရပါတယ်။

အချဉ်ရည်လုပ်နည်း

ကြက်သွန်ဖြူ၊ငရုပ်သီးစိမ်း ညှက်အောင် ထောင်းပြီး လျှာလကာရည် နဲ့ သကြား၊ ငါးငံပြာရည် တို့ဖြင့် ရောဖျော်ကာ ဘဲပေါင်းနဲ့ တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Credit: Thida Lay Lay