ပါဝင်ပစ္စည်းများ

  • ဘဲဥ ၅လုံး
  • ကြက်သွန်နီ ၁လုံး
  • ဆူးပုတ် ၃စည်း
  • ဂျုံနုမှုန့် ၁ဇွန်း
  • ဆားနှင့် ငရုတ်ကောင်း အနည်းငယ်

ပြုလုပ်ပုံ

၁။ ဆူးပုတ်ရွက်ကို အပင်လိုက် ရေဆေးပြီး စစ်ပါ။ ရေခြောက်သွားရင် နုတဲ့အပိုင်းလေးတွေ ရွေးပြီးခြွေပါ။

၂။ ကြက်သွန်နီ နှင့် ခြွေထားတဲ့ ဆူးပုတ်ရွက်ကို နုပ်နုပ်လေးလှီးပါ။

၃။ ဇလုံတစ်ခု အတွင်းမှာ ဘဲဥကိုခွဲထည့်ပြီး ဆား၊ ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်အနည်းငယ် ထည့်ရျ် နှုံ့အောင်ခေါက်ပါ။

၄။ ဘဲဥ ခေါက်နေစဉ် ဂျုံမှုန့်လေးကို အနည်းငယ်စီ ထည့်ပြီးနှံ့ သည်အထိ မွှေခေါက်ပါ။ (နာနာခေါက်တယ် ဆိုပေမယ့် ဘဲဥကို အရည် ပုံစံ ဖြစ်သွားတဲ့အထိ မခေါက်သင့်ပါဘူး)

၅။ ထိုစဉ်အတွင်း ဇောက်ပါတဲ့ ဒယ်အိုးထဲမှာ ဆီ၁လီတာရဲ့ လေးပုံတစ်ပုံခန့်ကို အပူပေးပါ။

၆။ ဘဲဥအနှစ်ရည် နှင့် ဆူးပုတ်၊ ကြက်သွန်အရောကို သမသွားအောင် မွှေပေးပြီး ဆီပူပူမှာထည့်ကြော်ပါ။

၇။ ကြော်နေစဉ်မှာ တပြေးညီအကျက်ညီအောင် ဘဲဥရည်ကိုဖြန့်ပေးရမှာြ ဖစ်သလို မီးရှိန်ကိုလဲ လိုသလို ချိန်ညှိပေးရပါမယ်။

၈။ မျက်နှာပြင် နှစ်ဖက်လုံး အရောင်တူ အကျက်ညီ ပြီဆိုရင် ဇကာထဲ ထည့်ပြီး ဆီပြန်စစ်ပါ လိုအပ်လျှင် မီးဖိုချောင်သုံး တစ်ရှုးစက္ကူစ နဲ့သုပ်ပေးပါ။

၉။ စဉ်းနီးပြားပေါ်တင်ပြီး စတုဂံပုံ အတုံးငယ်လေးများ အဖြစ်ပိုင်းဖြတ်ပြီးမှ တည်ခင်းသုံးဆောင်ပါ။

Credit: ဟင်းချက်နည်းများ