Recipes | ဟင်း - Curry | ကြက်ဥ - Eggs

ဘဲဥ ချဉ်ရည်ချက်

January 21, 2016

ဘဲဥ ချဉ်ရည်ချက်

Share this on:

ဘဲဥ ချဉ်ရည်ချက်

ပါဝင်ပစ္စည်းများ

  • ဘဲဥ ၅လုံး
  • အားလူး ၃လုံး
  • ရုံးပတီးသီး ၅တောင့်
  • ခရမ်းချဉ်သီး ၂လုံး(ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၂လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၄မွှာ(နုတ်၂စင်းထားပါ)
  • မကျည်းသီး အနည်းငယ်
  • မဆလာ
  • ငံပြာရည်
  • ကြက်သားမှုန့်
  • ပျဉ်းတော်သိမ်
  • ငရုတ်သီးစိမ်း
  • နံနံပင်
  • နနွင်း
  • ငရုတ်ပု
  • ဆီ
  • ဆား

ပြင်ဆင်ပြုလုပ်နည်း

  1. ဘဲဥကို ပြုတ် ရရင် အခွံခွာပြီး ဓားနှင့်ပတ်ပတ်လည် မွှန်းပါ။
  2. အားလူးကို အခွံခွာ ရေဆေးပြီး အပေါ်တင်းရုံ ကြော်ထားပါ။
  3. မန်ကျည်းသီးကိုရေဆေးရေစိမ်ထားပါ။ ရုံးပတီးသီးကို ရေဆေး ထားပါ။
  4. ကြက်သွန်နီ၊ဖြူ နှင့် ငရုတ်ပု ကိုထောင်းထားပါ။
  5. ဒယ်အိုးတစ်လုံး တည်းပြီး ဆီအနည်းငယ်ထည့်၍ ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီတို့ကို နနွင်းအနည်းငယ်နှင့်ဆီသတ်ပြီး မဆလာ၊ ပျဉ်းတော်သိမ်ထည့်ပါ။ ခရမ်းချဉ်သီးထည့်ပါ။ ရေအနည်းငယ်ထည့်၍ ကြေအောင် မွှေပါ။ ရလျှင် ဘဲဥ အားလူး ထည့်ပါ။ ငံပြာရည် ကြက်သားမှုန့် ထည့်ပါ။
  6. ရေထည့်၍တည်ထားပါ။ ဆူလာပြီးအားလူးနူးလျှင် မန်းကျည်းရည်ထည့်ပါ၊ အရသာ စိတ်ကြိုက်ပြင်ပါ။ ရုံးပတီးသီး ညှပ်ထည့်ပါ။ ခဏနေလျှင် ငရုတ်သီးစိမ်း နံနံပင်ထည့်၍ ရပါ ပြီရှင်။
Credit: Si Thu Hein
Photo Credit: ချက်ကြည့်ကြစို့

Review

User Rating

3 (27 Votes)