ပါဝင်ပစ္စည်းများ

  • ဘဲ
  • ရှာလကာရည် – စတီးဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် – စတီးဇွန်း ၁ဇွန်း
  • သကြား – စတီးဇွန်း ၁ ဇွန်း
  • ဆား

Source: thermofisher.com

  • မန်ကျည်းသီးစေ့ခန့်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • 5 Spice Powder – အနည်းငယ်
  • ပဲငံပြာရည်အနောက် – လက်ဖက်ရည် ဇွန်းတစ်ဝက်
  • အကင်ရည် – စတီးဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ဘဲကို ရှာလကာရည် စတီးဇွန်း ၁ ဇွန်း ၊ ပဲငံပြာရည် စတီးဇွန်း ၁ဇွန်း နဲ့ ရေမြုပ်ရုံထည့်ပြီး တဖက်ကို ၁၅ မိနစ်နဲ့ နာရီဝက် ပြုတ်ပါ။

၁၀ မိနစ်လောက် အအေးခံပြီး အရသာရည်နဲ့ အနှံသုတ်လိမ်းပြီး နာရီဝက်လောက် နှပ်ထားပါ။

အရသာ အရည်အတွက် ရှာလကာရည် စတီးဇွန်း ၁ ဇွန်း ၊ ပဲငံပြာရည် အကြည် စတီးဇွန်း ၁ ဇွန်း ၊ သကြား စတီးဇွန်း ၁ ဇွန်း ၊ ဆား၊ မန်ကျည်းသီးစေ့ခန့် ၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ၊ 5 Spice Powder အနဲငယ် ၊ ပဲငံပြာရည်အနောက် လက်ဖက်ရည် ဇွန်းတစ်ဝက် ၊ အကင်ရည် စတီးဇွန်း ၁ ဇွန်း အားလုံး အရည်ပျော်အောင်ဖျော်ထားပါ။

နာရီ ဝက် နှပ်ပြီးရင် Oven မှာ 175 Degree နဲ့ တဖက်ကို နာရီဝက်ကင်ပြီး အခြားတဖက်ကို မိနစ်၂၀ ခန့် ကင်ပါ။

တဖက်မလှန်ခင် ကျန်တဲ့ အရည်ကို သုတ်လိမ်းပေးပါ။

အသားလဲနူး အရေခွံလဲကျွတ်အောင် ကင်ချိန်က စုစုပေါင်းမှ ၂နာရီ ပဲ ကြာပါတယ်။

Credit: Su Myat Htwe