မကျည်းရွက်ကြော်

Share this on:

အချိန်တိုင်းမရတဲ့ မကျည်းရွက်ကြေ်လေးကို အခုလို ပေါ်ခါစလေးဖြစ်လာတော့ မနက်ရုံးမသွားခင်အလွယ်နည်းလေးကြော်ပြီး  ထမင်းကြော်လေးနဲ့လည်စား ထမင်းချိုင့်မှာလည် အလွယ်တကူ ထည့်လို့ ရသလို စားတဲ့အချိန်မှာလည် အချဉ်ဓာတ်လေးပါတော့ ရုံးမှာ ပါလာတဲ့ ထမင်းကတော့ ကုန်တာတောင် ထပ်စားချင်နေသေးတာ ။

Vegetable 1

ပါဝင်ပစ္စည်းများ

  • မကျည်းရွက်
  • ကြက်သွန်နီ
  • ကြက်သွန်နီ
  •  ဆီ
  • ငပိ
  • ပုဇွန်ခြောက်မှုန့်
  • ဆား
  • ငံပြာရည်
  • ငရုတ်သီးအကြမ်းမှုန့်

ပြုလုပ်နည်း

  1. ကကျည်းရွက်နုနုလေးများကို သေချာ သန့်စင်ထားပါ ။
  2. ကြက်သွန်နီတစ်လုံးလောက်ကို ပါးပါးလှီးပြီး ဆီသတ်၍ နွမ်းလာလျှင် မကျည်းရွက် ထည့်ပါ ။ ငပိလေးနည်းနည်း ဖျော်ထည့်ပါ ။ ပုဇွန်ခြောက်မှုန့်ထည့်ပါ ။ ဆား ၊ ငံပြာရည် ၊ ငရုတ်သီးအကြမ်းမှုန့်ထည့်ပါ ။ ချခါနီး ကြက်သွန်ဖြူ ဓါးပြားရိုက်ထည့်ပါ ။
Credit: Moe Nge Nge‎

Review

User Rating

4 (7 Votes)