ဟင်း - Curry | ဟင်းသီးဟင်းရွက် - Vegetables

မကျည်းရွက် နှင့် ဒန့်ဒလွန်သီးအသား စပ်ချဉ်ချက်

April 26, 2016

မကျည်းရွက် နှင့် ဒန့်ဒလွန်သီးအသား စပ်ချဉ်ချက်

Share this on:

ပါဝင်ပစ္စည်းများ

  • ဒန့်သလွန်သီး
  • မန်ကျည်းရွက်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ပုဇွန်ခြောက်
  • ခရမ်းချဉ်သီး
  • ငပိ
  • ဆား
  • ဆနွင်း
  • အရောင်တင်ဆီ
  • ရေ လိုသလောက်
  • ငြိုပ်သီးစိမ်း

ပြုလုပ်နည်း

  1. ဒန့်သလွန်သီးကို မီးပြပြီး နှစ်ခြမ်းခွဲပါ ။ စတီးဇွန်းနဲ့ ဒန့်သလွန်သီး အသားများ ခြစ်ထားပါ ။
  2. မန်ကျည်းရွက်များကို သန့်စင်ထားပါ ။
  3. ချက်မည့်အိုးထဲ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ပုဇွန်ခြောက် ၊ ခရမ်းချဉ်သီး ၊ ငပိ ၊ ဆား ၊ ဆနွင်း ၊ အရောင်တင် ဆီ တို့ထည့်ပြီး ဆီသက်ပါ ။
  4. ကျက်လျင် ခြစ်ထားတဲ့ ဒန့်သလွန်သီးများကို ထည့်ပါ ။
  5. ခဏထားပြီး မန်ကျည်းရွက် ထည့်ပါ ။ တပတ် မွှေပြီးး အဖုံးပိတ်ထားပါ ။
  6. ကျက်တော့ ရေ လိုသလောက် ထည့်ပြီး ဆူအောင် ဟင်းရည် ကျအောင် တည်ပါ ။ ငြိုပ်သီးစိမ်း ထည့် ၊ အချိုငံမြည်းး သုးံဆောင် နိုင်ပါသည် ။
Credit: Daw Suu Suu

Review

User Rating

0 (0 Votes)