ရိုးရှင်းတဲ့ ကိုသန့်ရဲ့ မကျည်းနှစ် ငါးဇင်ရိုင်း ပင်စိမ်းအုပ်ချက်နဲ့ ငပိရည် တို့စရာ အစုံရယ် ဟင်းရည်လေးရယ်နဲ့ ကတော့ စားမြိန်မှာပါ ။ ငါးဇင်ရိုင်းတွေလည်း ဈေးထဲမှာ ပေါနေပြီ။ စားမြိန်ကြပါစေ။

ပါဝင်ပစ္စည်းများ

  • ငါးဇင်ရိုင်း
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငြုပ်ပွခြောက် (ရေနွေးစိမ်ပါ)
  • မကျည်းနှစ်
  • ဆား
  • နနွင်း
  • ဟင်းချိုမှုန့်
  • ပင်စိမ်းရွက်

ပြုလုပ်နည်း

  1. ငါးဇင်ရိုင်းကို အညှီနံ့ ပျောက်အောင် ငါးကို ရေဆေးသည့် အခါ မကျည်းသီးမှည့် ရေဖျော် ဆေးပါတယ် ။ ရေစင်အောင် ဆေးပြီးလျင် စစ် ထားပါ ။
  2. ပြီးလျင် ဆား ၊ နနွင်း ၊ ဟင်ချိုမှုန့် နှင့် နယ်ထားပါ ။ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငြုပ်ပွခြောက် ( ရေနွေးစိမ်ပါ)
  3. ပြီးလျင် ညက်အောင် ထောင်းကာ ဆီသတ်ပြီး ငါးဇင်ရိုင်းကို ထည့်ပါ ။ ငြုတ်ဆုံထဲမှ ရေကို ကျင်ထည့်၍ မွှေပြီးအုပ်ထားပါ ။
  4. ၃ မိနစ်လောက် ကြာရင် ငါးကို မကြေအောင် ခပ်ဖြေးဖြေးမွှေပါ ။ ရေကို အနေတော် ထည့်ပြီး ဆီကျန် ရေကျန် ဖြစ်လာချိန်တွင် မကျည်းနှစ် ခပ်ပျစ်ပျစ်လေး ထည့်ပြီး အနည်းငယ် မွှေပေးပါ။
  5. နောက်ဆုံးတွင် ပင်စိမ်းလေး အုပ်ပြီး ”ဆီပြန် အနှစ်ကျန်မကျဉ်းနှစ် ငါးဇင်ရိုင်း ပင်စိမ်းချက်”သုံးဆောင်ရန် အစဉ်သင့် ဖြစ်ပါပြီ ။

Credit: Ko Thant