ငပိ - Ngapi | ငပိချက် | အသီး - Fruits

မက်ျီးသီး ငပိချက်

May 18, 2016

မက်ျီးသီး ငပိချက်

Share this on:

မကျီးသီးမှည့်ငပိချက် အရမ်းကောင်းလွန်းလို့ မပြောဘဲ မနေနိုင်လွန်းလို့ ပြောပါရစေ ။  အရမ်းကောင်းပါတယ် ။ အစိမ်း နဲ့တော့ မဟုတ်ဘူး အမှည့်နဲ့ ချက်ထားတာပါ ။ ချက်နည်းလေးတွေ မျှဝေရင် ချက်စားကြည့်ကြရအောင် ။

ပါဝင်ပစ္စည်းများ

  • မကျီးသီးမှည့်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဆီ
  • ပုစွန်ခြောက်မှုန့်
  • ငပိစိမ်း

ပြုလုပ်နည်း

  1. ချက်နည်းကတော့ ပုံမှန် မကျီးသီးစိမ်း ချက်သလိုပါဘဲ ။ သူကတော မကျီးသီးမှည့်လေးကို အရင်ရေဆေးပြီး ရေနွေး လေးနဲ့ ကြာကြာလေးစိမ် နူးပြီဆိုမှ ဇကာနဲ့တိုက် အနှစ်ရလာပြီဆို ကြက်သွန်နီ နှင့် ကြက်သွန်ဖြူကို ဆီးသတ်ပြီး ပုစွန်ခြောက်မှုန့် ၊ ငပိစိမ်း စား ၊ အချို ၊ အငံတွေကတော့ အဆင်ပြေသလိုထည်၍ မကျီးအနှစ်တွေထည့် မီးအေးအေးနဲ့ တည်ပေးပါ ။ သတိတော့ ထားရပါမယ် ။ သူက ဆီပြန်ခါနီးရင် အဲ့ဒီ မကျီးနှစ်တွေက ပေါက်တတ်တယ်တဲ့ အတွက်ကြောင့်ပါ ။
အချိန် အဆကတော့ အဆင်ပြေသလိုပါဘဲ ပုံမှန် ဟင်းချက်သလို ကိုယ်ကြိုက်နှစ်သက်သလို ချက်စားလို့ ရပါသည် ။

Credit: Hnin Thuza

Review

User Rating

3 (1 Votes)