Recipes

မက္ကဆီကန် နံပြား (Tortillas)

June 20, 2016

မက္ကဆီကန် နံပြား (Tortillas)

Share this on:

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် (All-purpose Flour or whole Wheat Flour) - ၂ ခွက် (လက်ဖက်ရည် ပန်းကန်လုံး)
  • မုန့်ဖုတ်ဆိုဒါ - ၁ ၁/၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ဆား - ၁ ဇွန်း
  • ဟင်းသီးဟင်းရွက် အဆီခဲ (Lard) - ၂ ဇွန်း မှ ၃ ဇွန်း
  • ရေ - ၃ / ၄ ခွက် မှ - ၁ ခွက်ထိ

ပြင်ဆင်ပြုလုပ်နည်း

  1. ဇလုံကြီးကြီး တစ်ခုထဲမှာ ဂျုံမှုန့် ၊ မုန့်ဖုတ်ဆိုဒါ ၊ ဆား စတာတွေကို သမအောင် မွှေပေးပါ ။
  2. ဟင်းသီးဟင်းရွက် အဆီခဲကို ထည့်ပြီး ဂျုံမှုန့်တွေနဲ့ သမအောင် မွှေပေးပါ ။
  3. ရေကို အနည်းငယ်ချင်းစီ ထည့်မွှေပြီး အနည်းငယ်စေးပြီး လုံးထွေးချိန်လောက်မှသာ ဇလုံထဲမှထုတ်ပြီး ဂျုံမှုန့် ဖြူးထားတဲ့ စားပွဲပေါ်မှာ လှိမ့်လှိမ့်ပြီးနယ်ပါ ။
  4. ချောမွတ်တဲ့ မုန့်သားရပြီဆိုလျှင် ခပ်ဝိုင်းဝိုင်းပုံ ပြုလုပ်ပြီး ၄ စိတ် မှ တဆင့် ၁၆ စိတ် (သို့) ၂၀ စိတ် ရအောင် ပြုလုပ်ပါ ။
  5. ဖြတ်ထားတဲ့ အပိုင်းလေးတွေကို လုံးပြီး ဂျုံမှုန့်ဖြူးထားတဲ့ စားပွဲပေါ်မှာ ၅ မိနစ်ခန့် အ၀တ်စပါးလေး အုပ်ထားပါ ။
  6. ထိုမုန့်လုံးလေးတွေကို မုန့်လှိမ့်တုံးလေးနဲ့ လှိမ့်ကာ ညီညာအောင် ပြုလုပ်ပြီး Non-Stick Pan (သို့) မီးဖိုပေါ် မုန့်ဖုတ်ဇကာလေး အသုံးပြုပြီး ဖုတ်ပေးရပါမယ် ။ သာမန်မီးအပူချိန် ဖြစ်ပါတယ် ။ မုန့်သားလေးတွေ ပူစီဖောင်းကဲ့သို့ ဖောင်းတက်လာလျှင် ရပါပြီ ။ (သို့) မိမိစိတ်ကြိုက် ဖုတ်ပေးနိုင်ပါတယ် ။
Credit : ဟင်းချက်နည်းများ

Review

User Rating

0 (0 Votes)