အားလုံးပဲ မင်္ဂလာပါ။ အခုလို မိုးရာသီရောက်လာပြီဆိုရင် ဖားကျော်စံကေးလေးတွေကိုလည်း ဈေးထဲမှာရောင်းနေတာ မြင်တွေ့လာရမှာပါနော်။ ဒါကြောင့် ဖားလေးတွေကို ကြော်စားရတာကို ကြိုက်တဲ့သူတွေအတွက် ကြွပ်ကြွပ်ရွရွနဲ့ စားလို့ကောင်းမယ့် ချက်နည်းလေးကို ဖော်ပြပေးလိုက်ရပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • မန်ကျည်းရွက်နု – ၂၀ ကျပ်သား
  • ကျော်စံကေးဖား – ၄၀ ကျပ်သား
  • ကြက်သွန်နီ – ၂ လုံး
  • ကြက်သွန်ဖြူ – ၅ တက်
  • ငရုတ်ခြောက်တောင့် – ၅ တောင့်ခန့်
  • ငရုတ်သီးစိမ်း – ၁၀ တောင့်ခန့်

ပြုလုပ်နည်း

  1. ကျော်စံကေး ဖားလေးတွေကို ပါးစပ်ခွဲပြီး အစာအိမ် လမ်းကြောင်း တလျှောက် သန့်စင် ဖယ်ရှားပါ။ ရေဆေး ၊ စစ်ပြီး အတုံးငယ် လေးများ တုံးပါ ။
  2. မန်ကျည်းရွက်နုကို ရေဆေးပြီး ညှာတံလေးတွေ သန့်စင်ဖယ်ရှားပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး ကြက်သွန်ဖြူနှင့် ငရုတ်ခြောက်တောင့်ကို ညှက်နေအောင် ထောင်းပါ။
  3. ငရုတ်သီးစိမ်းကို ပါးပါးလှီးပါ။ ဒယ်အိုးတစ်လုံးမှာ ကြက်သွန်နီကို နနွင်းမှုန့် အနည်းငယ်နှင့် အတူဆီသတ်ပြီး နွမ်းလာပြီဆို ထောင်းထားသော အရောကို ထည့်ပေါင်း ဆီသတ်ပါ။
  4. မွှေးလာပြီဆိုရင် အရသာ နယ်ထားသော ဖားလေးတွေထည့် ကြော်ပါ။ ငါးငံပြာရည် ၊ ဟင်းခတ်မှုန့် တို့ဖြင့် အရသာသွင်းပါ။ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းလေးတွေကိုလည်း ထည့်ပေါင်းပါ။
  5. ရေခမ်းသွားပြီဆိုမှ မန်ကျည်းရွက်တွေ ထည့်ပေါင်းကာ ခြောက်ပြီး လှိမ့်နေအောင် ကြော်ပေးရပါမယ်။

Credit: ဟင်းချက်နည်းများ