ပါဝင်ပစ္စည်းများ

  • မန်ကျည်းသီးစိမ်း
  • ပုဇွန်ခြောက် (ထောင်းထားပါ)
  • ငပိ
  • ငရုတ်သီးစိမ်း
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဆနွင်းမှုန့်
  • အရောင်တင်မှုန့်
  • ဆီ
  • ဆား
  • ငံပြာရည်
  • ဟင်းချိုမှုန့်

ပြုလုပ်နည်း

မန်ကျည်းသီးစိမ်းကို ဆားနဲ့ ဆေး ပြီးရင် ၊ ဆားထဲ ထည့်ပြီး ထောင်းပါ။  ကြိတ်ရင် ကြမ်းပါတယ်။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ဆီသပ်ပါ။

ဆီသပ် ကြက်သွန် အရောင် ဝါသွားလျင် ဆနွင်းမှုန့် ၊ အရောင်တင်မှုန့် ၊ ထောင်းထားသော ပုဇွန်ခြောက် ၊ ငပိတို့ တခါတည်း ထည့်ရျ် ကြော်ပါ ။

ပြီးလျင် ထောင်းထားသည့် မန်ကျည်းသီးစိမ်းကို ထည့်ရျ် နှံ့စပ်အောင် မွှေပြီး အဖုံး အုပ်ထားပါ။

ခဏကြာလျင် ရေ ၊ ငံပြာရည် ၊ ဆား ၊ ဟင်းချိုမှုန့်တို့ ထည့်ပြီး အဖုံးကို ပြန်အုပ်ထားပါ။

ရေကျဲကျဲနဲ့ စားချင်ရင်တော့ ရေကုန်ရျ် ခြောက်သည်အထိ မထားဘဲ စားရျ် ရပါပြီ။

မီးဖိုပေါ်မှ ချကာနီးတွင်ငရုတ်သီးစိမ်း အုပ်လိုက်ပါ။ အချို အငန် လိုအပ်ရင် ထည့်နိူင်ပါတယ်။

Credit: Phyu Phyuhnin