ပါဝင်ပစ္စည်းများ

  • မန်ကျည်းသီးစိမ်းနုနု ၁ ဗူး (နို့ဆီဗူး)
  • ငြုပ်သီးစိမ်း ၁၅ တောင့်
  • ကြက်သွန်ဖြူ သေးသေး ၂ ဇွန်း (ထမင်းစားဇွန်း)
  • ဆား အနည်းငယ်
  • ဟင်းချိုမှုန့် အနည်းငယ်

ပြုလုပ်နည်း

  • မန်ကျည်းသီးစိမ်းများကို အပေါ်ခွံ အပေါ်မှ ဖုံများ ထွက်သွားအောင် အသေအချာ ပွတ်တိုက်၍ ဆေးပါ။
  • ငြုပ်သီးစိမ်းများကို ရေအနည်းငယ် ထည့်ရျ် ပြုတ်လှော်ပါ။
  • ပြီးလျှင် ငြုပ်သီးစိမ်း ပြုတ်လှော်၊ ကြက်သွန်ဖြူ၊ ဟင်းချိုမှုန့် အနည်းငယ် ၊ ဆား တို့ကို ရောထောင်းပါ။
  • ထို့နောက် သန့်စင်ထားသော မန်ကျည်းသီးများကိုပါ ရောပြီး ထည့်ထောင်းပါ။
  • မိမိနှစ်သက်ရာ အစပ် အပေါ့အငံ အနေတော်ဖြစ်လျှင် သုံးဆောင်နိုင်ပါပြီ။ အစပ်ကို နှစ်သက်ပါက ငြုပ်သီးစိမ်း ကို ပိုရျ် ထည့်နိုင်ပါသည်။

My Food Myanmar