ပါဝင်ပစ္စည်းများ

  • မန်ကျည်းသီး ၁ ဗူး (နို့ဆီဗူး/ ထောင်းထားပါ)
  • ခရမ်းချဉ်သီး ၇ လုံး (ပါးပါးလှီးထားပါ)
  • မျှင်ငပိ အနည်းငယ်
  • ကြက်သွန်နီ ၂ လုံး
  • ကြက်သွန်ဖြူ ၅ မွှာ

  • နနွင်းနှင့် အရောင်တင်မှုန့် အနည်းငယ်
  • ငရုတ်သီးစိမ်း ၁၂ တောင့်
  • ဆီ ၃ ကျပ်သား
  • ဆား အနည်းငယ်

ပြုလုပ်နည်း

၁။ မန်ကျည်သီးစိမ်းများကို အပေါ်မှ အညစ်အကြေး ဖုံများစင်အောင် ရေဆေးပြီး ထောင်းထားပါ ။

၂။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီကို နနွင်း ၊ အရောင်တင်မှုန့် တို့နှင့် ဆီသတ်ပါ ။

၃။ နွမ်းသွားလျှင် ခရမ်းချဉ်သီးကို ထည့်၍ နွမ်းအောင် ဆီသတ်ပါ ။ ပြီးလျှင် မျှင်ငပိ အနည်းငယ်ကို ထည့်ပါ ။

၄။ အားလုံး အနှစ်ဖြစ်သွားလျှင် ထောင်းထားသော မန်ကျည်းသီး နှင့် ဆား အနည်းငယ်ကို ထည့်၍ အနှစ်များနှင့် နှံ့စပ်အောင် နယ်ကာ ရေနွေး အနည်းငယ် ထပ်ထည့်ပြီး အဖုံးအုပ်ကာ ဆက်လက်၍ တည်ထားပါ ။

၅။ ရေခမ်းခါနီးတွင် ငရုတ်သီးစိမ်းကို ထည့်ပါ။

၆။ ပြီးလျင် အပေါ့ ၊ အငန် မြည်းပြီး မိမိနှစ်သက်သော အရသာ ရလျှင် အိုးပေါ်မှ ချ၍ သုံးဆောင်နိုင်ပါပြီ ။

My Food Myanmar