ပုံမှန် စားနေကြ မန်းကျီးသီးစိမ်းအကြော်အရသာလေးကို တမျိုး ပြန်လည်တီထွင်ထားပါတယ်။  ဘုန်းကြီးဆွမ်းကပ်တုန်းက ဘုန်းဘုန်း များအကြိုက်တွေ့ခဲ့သော အရန်ဟင်းပွဲလေးပါ ။  အားလုံးလဲ ချက်စားကြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်း

  • မန်းကျီးသီးစိမ်း – ၄၀ ကျပ်သား (ရေဆေး ပြီး မညက်တညက်လေး ကြိတ်ထားပါ)
  • ပုစွန် ခြောက်မှုန့် – ၅ ဇွန်း စားပွဲဇွန်း
  • မြေပဲဆန်လှော် – ၈ ဇွန်း စားပွဲဇွန်း (မညက်တစ်ညက်ထောင်းထားပါ)
  • နနွင်းမှုန့် – ၁ ဇွန်း လက်ဖက်ဇွန်း
  • စိမ်းစားငါးပိ – ၂ ဇွန်း လက်ဖက်ဇွန်း
  • ငံပြာရည် – ၂ ဇွန်းခွဲ စားပွဲဇွန်း
  • ကြက်သွန်ဖြူ – ၅ တက် (ထောင်းထားပါ)
  • ကြက်သွန်နီ – ၄ လုံး (ထောင်းထားပါ)
  • ငရုတ်သီးခွဲကြမ်း – ၅ ဇွန်းခွဲ စားပွဲဇွန်း
  • ပဲပိစပ်ဆီ – တစ်ဝက် ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)
  • ဆား – လိုသလောက်

ပြင်ဆင်ပြုလုပ်နည်း

  1. မကပ်သော အကြော်ဒယ်အိုးထဲမှာ ဆီပူအောင် တည်ပါ ။
  2. ဆီပူလာလျှင် နနွင်းမှုန့် ၊ ကြက်သွန်ဖြူ/နီ ထည့်ပြီး ဆီသတ်ပါ ။  ကြက်သွန်ဖြူ/နီ ကြက်လာလျှင် ငါးပိစိမ်းစား ထည့်ကြော်ပါ ။   မွှေးပြီး အနည်းငယ်အရောင်ပြောင်းလားလျှင် ငံပြာရည် ထည့်ပါ ။ ငံပြာရည်ကျက်လျှင် ငရုတ်သီးခွဲကြမ်း ၊ ပုဇွန်ခြောက်မှုန့်ထည့် ပြီး ကြော်ပါ ။  ဆီခြောက်လျင် အနည်းငယ် ထပ်ထည့်ပါ ။
  3. မန်းကျီးသီးများ ထည့်ပြီး ကြော်ပါ ။  နွမ်းလာလျှင် ကျန်ပါဝင်ပစ္စည်းများထည့်ပါ ။  ဆားမြည်းပြီး လိုတာ ထပ်ဖြည့်ပါ ။ တို့စရာစုံလင်စွာနဲ့  တွဲဖက်စားမယ်ဆိုလျှင် ထမင်းမိန်သွားမှာ အသေအချာပါ ။

မှတ်ချက် – အငံမစားနိုင်သူများအတွက် ငါးပိ ၊ ငံပြာရည်ကို ကိုယ့်စိတ်တိုင်းကြ အတိုးအလျှော့လုပ် ကြော်ပြီး ကိုယ်ပိုင်အရသာ အသစ်တီထွင်နိုင်ပါတယ် ။

Credit: Syilwin Foodsgarden