မယ်ဥုံ ကင်မ်ချီ

Share this on:

ဒီနေ့ မယ်ဥုံ ကင်မ်ချီ စိမ်တယ်တို့ ဘာတို့ ။  ကျမ နယ်တဲ့ ကင်မ်ချီက ခုနယ် ခုစားလို့ ရတယ်နော် ။ ၂ရက် ၃ရက် စောင့်စရာမလိုပါဘူး ။
ကျမ လုပ်နည်းလေး ပြောပြပါမယ် ။  တခါနဲ့ တခါ လုပ်နည်းတွေက မတူပါဘူး ။

Kimmichi.1Ohnmarkyi

ပါဝင်ပစ္စည်း

  • မုန်ညင်းဖူး ၅၀ သား   
  • ဆား
  • ဥနီ ၅၀ သား
  • ဂေါ်ရခါးသီး ၂ လုံး
  • မင်းတုန်း ကြက်သွန်နီ ၅၀ သား
  • ပန်းသီး၂လုံး  
  • ကြက်သွန်ဖြူ
  • ဂျင်း
  • သကြား
  • ရှာလကာရည်
  • တုံတုံ ငပိထောင်း ဘူးသေး တဘူး  
  • မြန်မာ ငံပြာရည်
  • ကိုရီး.ယား ငြုတ်အနှစ်

ပြုလုပ်နည်း

  1. မုန်ညင်းဖူး ၅၀ သားကို  အလည်က ထက်ခြမ်း ခွဲပြီး ရေစင်အောင် ဆေးရ်ျ အနေတော် လှီးပြီး ဆား နယ်ပြီး သိပ်ထားပါ ။
  2. တအောင့်လောက်နေလျင် အိကျသွားရင် ဆားရည်တွေ ညှစ်ထုတ် လိုက်ပါ ။  ရေ မဆေးပါနဲ့ ။
  3. ဥနီ ၅၀သား ၊ ဂေါ်ရခါးသီး၂လုံးကို အခွံခွာဂျစ်နဲ့ အလွှာလေးတွေ ခြစ်ပြီး ဆားနယ်ပါ ။  
  4. တအောင့်နေ အိကျရင် ဆားရည်တွေကို စင်အောင်ညှစ်ထားပါ ။
  5. မင်းတုန်းကြက်သွန်နီ ၅၀သားကို အခွံခွာ ၊ ရေစင်အောင် ဆေးထားပါ ။
  6. ပန်းသီး၂လုံး အခွံခွာပြီး ဂျစ်နဲ့ ခြစ်ထားပါ ။
  7. ကြက်သွန်ဖြူ ၊ ဂျင်း နဲနဲစီ ညက်ညက်ထောင်း ထားပါ ။
  8. သကြား ၊ ရှာလကာရည် ၊ တုံတုံ ငပိထောင်း ဘူးသေး တဘူး (ငပိကင် အစား) ၊ မြန်မာ ငံပြာရည် ၊ ကိုရီး.ယား ငြုတ်အနှစ် တို့နှင့် နယ်ပါမယ် ။
  9. ဇလုံကြီး တလုံးထဲကို ကြက်သွန်ဖြူ ၊ ဂျင်းထောင်း ၊ ကိုရီးယား ငြုတ်အနှစ်၊ ငံပြာရည် ၊ သကြား ၊ ငပိထောင်း ၊ ပန်းသီး ခြစ်ထားတာ များကို သမအောင် အရင်နယ်ပါ ။
  10. နယ်ထားသည့် ဇလုံကြီး အထဲကို မုန်ညင်း ၊ ဥနီ၊ ဂေါ်ရခါး စသည့် ဆားရည် ညှစ်ထားတာတွေကို ထည့်ပြီး သမအောင် နယ်ပါ ။
  11. မင်းတုန်း ကြက်သွန်နီများ နှင့် ရှာလကာရည်ကို ထည့်ရ်ျ အားလုံးကို သမအောင် နယ်ပြီး ချိုချဉ် ငန်စပ် အရသာ အနေတော်ဆို ဘူးတွေနဲ့ လေလုံအောင် ပိတ်ပြီး ရေခဲသေတ္တာထဲ ထည့်ပါ ။
  12. မကုန်မချင်း နဲနဲချင်း ထုတ်စားနိုင်ပါတယ် ။  ထမင်းစား ပျက်တဲ့သူတွေ ဒီအရသာလေး စားလိုက်ရင် ခံတွင်းလိုက်မှာ သေချာပါတယ်ရှင် ။
  13. ဒီတခါ ကြက်သွန်နီ မထောင်းဘဲ ကြက်သွန်ဥသေးလေးတွေ ထည့်ထားတဲ့ အတွက် အရသာ ဝင်အောင် တရက် သိပ်ပြီး စားရင် ပိုကောင်းပါ  တယ် ။
Credit: Ohnmar Kyi

Review

User Rating

3 (3 Votes)