မရမ်းသီးအမှည့်တွေ ပေါလာတာနဲ့ ကင်မ်ချီနယ်သလို နယ်ပေးလိုက်တယ်။ အိမ်ကခေးမတွေကတော့ လက်မတထောင်ထောင်နဲ့ Good တယ်ပေါ့လေ။ သူတို့အကြိုက် ချိုချဉ်ငန်စပ် ရှုးရှဲ ရှုးရှဲလေ။

ပါဝင်ပစ္စည်းများ

  • မရမ်းသီးမှည့်၊ ပန်းသစ်တော်သီး – တလုံး
  • ကြက်သွန်ဖြူ၊ ကြက်သွန်နီ
  • ဂျင်း၊ ကိုရီးယားငြုတ်ဆီ၊ ငံပြာရည်
  • သကြား
  • ဗနီကာ၊ တုံတုံငပိထောင်း ဘူးသေး – တဘူး

ပြုလုပ်နည်း

မရမ်းသီးမှည့်တွေ ရေဆေးပါ။ ပြီးရင် အညှာထိပ်လေး ဖြတ်ပြီး ဓားထက်ထက်နဲ့ မရမ်းသီးသုပ် လှီးသလိုဒေါင်လိုက် ပတ်ပတ်လည် ဓားနဲ့စိတ်ပါ။ ပန်းသစ်တော်သီး တလုံး အခွံခွာ ဂျစ်နဲ့ ခြစ်ပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းနဲနဲကို ညက်ညက် ထောင်းထားပါ။ ကိုရီးယားငြုတ်ဆီ၊ ငံပြာရည်၊ သကြား၊ ဗနီကာ၊ တုံတုံငပိထောင်းဘူးသေး တဘူးတို့ လိုအပ်ပါတယ်။

ဇလုံကြီး တလုံးထဲကို ကိုရီးယားငြုတ်ဆီ၊ ပန်းသစ်တော်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းထောင်း၊ တုံတုံငပိထောင်း၊ သကြား၊ ငံပြာရည်၊ ဗနီကာတို့ကို သမအောင်နယ် အနှစ်ဖြစ်တော့မှ အရသာ စိတ်ကြိုက်မြည်းှ၊ မရမ်းသီးမှည့်တွေ နဲနဲချင်းထည့် အတွင်းထဲ အနှစ်ဝင်အောင် လက်နဲ့ သာသာဖျစ်ပြီး ငြုတ်အနှစ်ထဲ နှစ်ထားပြီးနှပ်ထားပါ။ ၂နာရီလောက် နှပ်ထားရင် ပိုစားကောင်းပါမယ်။

ခုတော့ နယ်နေရင်း တလုံးပြီးတလုံးနှိုက်မြည်းနေတော့ကာာ ရိုးရိုးစားနေကျ ငြုတ်သီးကျက်မူန့်၊ ငံပြာရည်နဲ့ နယ်စားတာကို ပုံစံတမျိုး လုပ်ကြည့်တာပါ။ တုံတုံငပိထောင်းကကျမအလွယ်ထည့်တာပါ။ သူ့ထဲမှာ အစပ်ပါပါပြီးသားဆိုတော့ ပိုကောင်းတယ်။ ငပိစိမ်းစားကို မီးကင်ပြီး ထည့်လဲရပါတယ်။

 

Credit: Ohnmar Kyi