Recipes | ပုဇွန် - Prawn | ဟင်း - Curry

မရမ်းသီးထောင်း ပုဇွန်ဆိတ်ချက်

March 7, 2016

မရမ်းသီးထောင်း ပုဇွန်ဆိတ်ချက်

Share this on:

ပါဝင်ပစ္စည်များ

  • ပုဇွန်ဆိတ် - ၃၀ ကျပ်သား
  • ဆီ - ၅ ကျပ်သား
  • ကြက်သွန်နီ - ၃ လုံး (နှုတ်နှုတ်စဉ်း)
  • ခရမ်းချဉ်သီး မှည့်မှည့် - ၂ လုံး
  • ကြက်သွန်ဖြူ - ၁ လုံး
  • မရမ်းသီး (ကြီး) - ၆ လုံး (ထောင်းထားပါ)။
  • နနွင်း အရောင်တင်မှုန့် - သင့်ရုံ
  • ငရုပ်သီးစိမ်း (ပါးပါးလှီး) - အစပ်စားနိုင်သလောက်

ပြုလုပ်နည်း

  1. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီးများ နွမ်းလာအောင် ဆီသပ်ပါ ။
  2. ပြီးလျှင် အခွန်သင် ၊ ခေါင်းအမြီးများ ဖယ်ပြီး ဆား ၊ နနွင်း သင့်ရုံ နယ်ထားသော ပုဇွန်ထည့်ပါ ။
  3. ရေသင့်ရုံ ထည့် ၊ ချခါနီး မရမ်းသီးထောင်းများ ထည့် ၊ ငရုပ်သီးများ ထည့် ၊ ဆား အပေါ့ အငံပြင်ကာ ချို ချဉ် စပ် အရသာ ရှိလှတဲ့ မရမ်းသီးထောင်း ပုဇွန်ဟင်းလေး ရပါပြီ။
Credit: Soe's Cooking Collection

Review

User Rating

0 (0 Votes)