ခုလိုနွေရာသီမှာ ပေါပေါလှိုင်လှိုင် ထွက်တဲ့ မရမ်းသီးကို အမျိုးမျိုး လုပ်စားကြပါတယ် ။ ပူပြင်းတဲ့ ရာသီမှာ အေးမြခြင်းကိုလည်း ခံစားရပြီး နွေရနံ့နဲ့ လိုက်ဖက်လှတဲ့ မရမ်းသီးရဲ့ ချဉ်ချိုအရသာကို ခံစားပြီး နွေရာသီမှာ အပူတွေ ငြိမ်းပြီးတော့ အေးမြတဲ့မှုတွေ ရရှိအောင် မရမ်းသီးအေးကို လုပ်စားကြည့်ရအောင် ။

ပါဝင်ပစ္စည်းများ

  • မရမ်းသီး
  • သကြား
  • ပျားရည်
  • ရေ
  • Lavender အခြောက်
  • ရေခဲခြစ်

ပြင်ဆင်ပြုလုပ်နည်း

  1. ရှေးဦးစွာ မရမ်းသီးကို အခွံခွာပြီး အသားကို လှီးပါ ။
  2. အိုးတလုံးတွင် ရေအနည်းငယ်ထည့် ၊ သကြားထည့်ပြီး သကြားရေ ဆူအောင် လုပ်ပြီးလျှင် Lavender ခြောက်ကို ထည့် ပြီး ခဏကြာလျှင် ပျားရည်ကို ထည့်ပါ ။ ပြီးလျှင် လှီးထားသော မရမ်းသီးပေါ်ကို လောင်းချပြီးလျှင် ၂ နာရီလောက် နှပ်ထားပါ ။
  3. ပြီးလျှင် နှပ်ထားသော မရမ်းသီးဖတ်ကို ဆယ်ပြီးလျှင် ရေခဲခြစ်လေးနဲ့ ထည့်ပြီး သုံးဆောင်ပါ ။

Credit: N/S Food House