ပါဝင်ပစ္စည်များ

  • မရမ်းသီးအစိမ်း
  • ပုဇွန်ခြောက်မူန့်
  • ငပိစိမ်းစား
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ – ၃ဥ
  • ငြုတ်စိမ်းတောင့်
  • ငြုတ်ပုကျက်မူန့်
  • အချိုမူန့့်

ပြုလုပ်နည်းများ

  1. မရမ်းသီးများ ထက်ခြမ်းခွဲ အစေ့ထုတ် ရေစိမ်ထားပါ။ ကြက်သွန်နီ ၃ ဥ လောက် မပြတ်အောင် စိတ်ပြီး ကျက်အောင် မီးကင်ထားပါ။ ကြက်သွန်ဖြူကို ထက်ခြမ်းခွဲပြီး လှော်ထားပါ။
  2. ငြုတ်စိမ်းတောင့်များ အညှာခြွေ၊ ရေဆေးပြီး ဒယ်အိုးနဲ့ လှော်ထားပါ။ ချောင်းသာ ငပိစိမ်းစား အကောင်းစား ယောင်းမမှာ ကပ်ပြီး ကျက်အောင် မီးကင်ထားပါ။ ငြုတ်ဆုံထဲကို ငြုတ်သီးစိမ်း လှော်ထားတာ အရင်ထည့်ပါ။ ညက်ရင် ကြက်သွန်ဖြူ လှော်တာ ထည့်ထောင်းပါ။
  3. ညက်ရင် ကြက်သွန်နီ မီးကင် ထားတာ ထည့်ထောင်းပါ။ ငြုတ်ကျက်မူန့် ထည့်ထောင်းပါ။ ညက်ရင် ပုဇွန်ခြောက်မူန့်၊ အချိုမူန့် အနည်းငယ် ထည့်ထောင်းပြီး ငပိ စိမိးစား မီးကင် ထည့်ထောင်းပါ။
  4. အားလုံး သမအောင် ဇွန်းတချောင်းနဲ့ မွှေလိုက်၊ ထောင်းလိုက် လုပ်ပါ။ နောက်ဆုံးမှ မရမ်းသီးခွဲခြမ်းများ ထည့်ထောင်းပါ။ အရမ်းညက်အောင် မထောင်းရပါ။
  5. သူက အရည်တွေ ထွက်တတ်လို့ မညက်တညက်လောက် ထောင်းပြီးရင် မရမ်းသီးစိမ်း၊ ငပိထောင်းချဉ်ငန်စပ် ရပါပြီ။ ကြက်သွန်နီနဲ့မရမ်းသီးပါလို့ အပြင်မှာ ကြာကြာထား စားလို့မခံပါ။  ရေခဲသေတ္တာထဲ ထည့်ပြီး နဲနဲချင်း ထုတ်စားရင် ကြာကြီးထား စားလို့ ရပါတယ်။

Credit: Ohnmar Kyi