Recipes | အကြော် - Fried

မရမ်းသီး ငပိကြော်

March 7, 2016

မရမ်းသီး ငပိကြော်

Share this on:

ပါဝင်ပစ္စည်းများ

  • မရမ်းသီး - ၂၀ ကျပ်သား
  • ပုဇွန်ခြောက် - ၁၀ ကျပ်သား
  • ငါးပိ စိမ်းစား- ကွမ်းသီးလုံးခန့်
  • ကြက်သွန်နီ - ၃ လုံး
  • ကြက်သွန်ဖြူ - ၁ လုံး
  • ဆီ - ၁၀ ကျပ်သား
  • ငရုပ်ခွဲကြမ်းမှုန့် - ၃ ဟင်းစားဇွန်း
  • နနွင်းမှုန့် - အနည်းငယ်

ပြုလုပ်နည်း

  1. မရမ်းသီးများကို ထက်ခြမ်းခွဲ အစေ့ထုပ် ၊ ပါးပါးလှီးပြီး ဆား အနည်းငယ်ဖြင့် ရေစိမ် ထားပါ ။
  2. ဆီ ပူလာလျှင် ပါးပါးလှီးထားသော ကြက်သွန်နီ ထည့် ဆီသက်ပါ ။
  3. ခဏကြာ ကြက်သွန်ဖြူ ထည့် ၊ နနွင်း ထည့် ၊ ထောင်းထားသော ပုဇွန်ခြောက် ထည့် မွှေပေးပါ ။
  4. ငရုပ်မှုန့် ထည့် ၊ ငပိ ထည့် ၊ ငပိစိမ်းနံ ပျောက်လျှင် မရမ်းသီးများထည့် အိုးမကပ်စေရန် မီးလျော့ပြီး မွှေပေးပါ ။
  5. ခဏကြာလျှင် ချိုချဉ်၊ ငံစပ် အရသာနှင့် မရမ်းသီးကြော်လေးကို ပဲဟင်းချို ၊ ကြာဇံ ၊ ကျောက်ဖယုံသီးလေး ခပ်၍ တွဲဖက် စားသုံးလျှင် ထမင်းမြိန် လှပါတယ်။
Credit: Soe's Cooking collection

Review

User Rating

0 (0 Votes)