ဝက်သား - Pork | ဟင်းသီးဟင်းရွက် - Vegetables | အကြော် - Fried

မလွှပွင့် ၀က်သားအစာသွပ်ကြော်

May 6, 2016

မလွှပွင့် ၀က်သားအစာသွပ်ကြော်

Share this on:

” မလွှပွင့် ” ဟာ မဆိုစလောက် ခါးသက်သက် အရသာ ရှိပါတယ် ။   မလွှပွင့်ကို ရှမ်းလို “လောက်ကဲ” လို့ခေါ်ပြီး ၀က်သားတောက်တောက်စင်း အစာသွပ်ပြီး ကြော်စားလို့ ရသလို မလွှပွင့်ကို ပြုတ် ၊ ပါးပါးလှီးပြီး ပြန်ကြော်စား လို့လည်း ရပါတယ် ။   အခုလို ၀က်သားတောက်တောက်စင်းပြီး အစာသွပ်ထားတဲ့ ဟင်းဟာ အရမ်းကြိုက်တဲ့ ဟင်းဖြစ်လို့ ဖော်ပြပေး လိုက်ပါတယ် ။

94a

 

ပါဝင်ပစ္စည်းများ

  • မလွှပွင့်
  • ၀က်သား
  • ၀ါးနှီး
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ကြက်သွန်မြိတ်
  • ငြုတ်သီးစိမ်းတောင့်
  • ဆီ
  • ဆား
  • ကြက်သားမှုန့်

ပြင်ဆင်ပြုလုပ်နည်း

  1. မလွှပွင့်ကို ရေဆေးပြီး ၀က်သားကို တောက်တောက်စင်းထားပါ ။
  2. နှီးတွေကို ပတ်တဲ့အချိန်မှာ ပျော့အောင် ရေစိမ်ထားပါ ။
  3. ကြက်သွန်ဖြူ ၊ ကြက်သွန်နီကို တောက်တောက်စင်းပြီး ကြက်သွန်မြိတ် နဲ့ ငရုတ်သီးစိမ်းတောင့်တို့ကို ပါးပါးလှီး   ထားပါ ။   ကြက်သွန်မြိတ်ရဲ့ ထိပ်မှာ ကြက်သွန်ဥတွေ ပါရင်တော့ ကြက်သွန်နီ ထည့်စရာမလိုပါဘူး ။  အဲဒါက ပိုမွှေးပါတယ် ။
  4. ၀က်သား ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ကြက်သွန်မြိတ် ၊ ငရုတ်သီးတို့ကို ရောပြီး ဆား ၊ ကြက်သားမှုန့်ထည့်ပြီး သမအောင် နယ်ပါ ။
  5. မလွှပွင့်ထဲကို အစာတွေ သိုသိုသိပ်သိပ် ဖြစ်အောင် သွပ်သွင်းပြီး နှီးနဲ့ ပြန်ပတ်ပါ ။
  6. ပြီးလျှင် မီးအသင့်အတင့်ဖြင့် ကြော်ပါ ။   ကြော်တဲ့အချိန်မှာ တစ်ဘက် ကျက်ပြီးမှ တစ်ဘက်သို့ လှန်ပါ ။   ခဏခဏ မလှန်ပါနှင့် ။   နှီးနဲ့ ပတ်ထားတာ ပြေသွားပြီး အထဲကအစာတွေ ထွက်လာတတ်ပါတယ် ။   ဒါဆိုရင် မွှေးပျံ့တဲ့ ရနံ့လေးနဲ့ မလွှပွင့် ၀က်သားအစာသွပ်ကြော် ရပါပြီ ။
***ရှမ်းလိုတော့ " လောက်ကဲအို " လို့ခေါ်ပါတယ် ။

Credit: ဟင်းကောင်းကောင်းလေး ချက်စားကြစို့

Review

User Rating

5 (1 Votes)