မိသားစု အသုတ်

Share this on:

ကဆုန်လပြည့်နေ့ အသက်၈၀ အမေက မနက်အစောကြီး ထပြီး ဘုရားဝေယာဝစ္စလုပ်ပြီး သားသမီး ၊ မြေးတွေနဲ့ အတူ ညောင်ရေသွန်းပွဲ သွားဘို့ ညောင်အိုးလေးတွေ အစီအရီ ပြင်ထားတယ် ။ အိမ်ကိုလာမဲ့ သားသမီးမြေးများ အတွက် သက်သတ်လွတ် စားတဲ့သူရော မစားတဲ့သူရော တမျိုးထဲ စားလို့ ရအောင် အသုပ်စုံကို ပြင်ထားပါတယ် ။  အမေ့မြေး အကြီးကောင် က အဖွားနယ်ပေးတဲ့ အသုပ်စုံကို ဝက်ခေါက်ကြော် ဂျိုးဂျိုးဂျွတ်ဂျွတ် စားရတာကို ကြိုက်လို့ ဝက်ခေါက်ကြော် ကို ထည့်တယ် ။   သမီးအငယ် အပျိုကြီးက ပဲကြော်ကြွပ်ကြွပ် ကြိုက်တဲ့အတွက် ပဲကြော်နဲ့ နယ်ပေးတယ် ။   သက်သတ် လွတ် သမားတွေ အတွက်လည်း မှိုချဉ်လေးနဲ့ အမေ့ရဲ့ အသုပ်က ဘယ်တော့မှ မရိုးရပါဘူး ။    အမေရဲ့ အသုပ်ဗန်းက သမရိုးကျ မဟုတ်ပါဘူး ။ အမြဲတမ်း အဆန်းလေးတွေ ထည့်ပြီး ပြင်တယ် ၊ သုပ်တတ်တယ် ။  အမေက အသုပ်စုံကို မိသားစုသုပ်လို့လည်း ခေါ်ပါတယ် ။   မိသားစုတွေ စုံတဲ့အခါမှ လူများမှ လုပ်လို့ရတဲ့ အတွက်ပါ ။ အမေ့ရဲ့ မိသားစုသုပ်လေး ကလည်း အမေ့ရဲ့ မေတ္တာနဲ့ ပြင်ဆင်သုပ်ကျွေးတဲ့ ထူးရှယ်လေးမို့ ရှယ်ပါတယ် ။  အမေက မိသားစု အသုတ်တင် မဟုတ်သေးဖူး အသုတ်စားပြီးရင် အအီလည်းပြေ ၊ Detoxလည်းဖြစ် ၊  ဗီတာမင်လည်း အပြည့်ပါတဲ့ ဗီတာမင်စီရေ ကိုလည်း သောက်ဖို့ လုပ်ထားပေးသေးတယ် ။ အမေ့ရဲ့ မေတ္တာ ဘယ်လောက် ကြီးမားတာကို ခံစားရမိတယ် ။

13242119_10154450515638132_1754953532_o

အသုပ်စံ အဆာပလာ

Soup3

 

ပါဝင်ပစ္စည်းများ

  • ကြက်ဥခါက်ဆွဲ
  • ပဲကြာဇံ
  • မှိုချဉ်
  • အာလူးပြုတ်
  • ဂေါ်ဖီ
  • သင်္ဘောသီး
  • သခွားသီး
  • ပူတီနံ
  • နံနံပင်
  • ပဲမှုန့်အကြက်
  • ပုဇွန်ခြောက်မှုန့်
  • မကျည်းနှစ်
  • ကြက်သွန်နီကြော်
  • ကြက်သွန်ဖြူဆီချက်
  • ငရုတ်သီးအနီဆီချက်
  • ငံပြာရည်
  • ဆား
  • ငရုတ်သီးအကြက်မှုန့်
  • ကြက်သွန်ဖြူအမွှာ
  • ငရုတ်သီးအနီ အခြောက်တောင့်
  • ကြက်ဥပြုတ်
  • ပဲကြော်
  • ဝက်ခေါက်ကြော်

ပြုလုပ်နည်း

  1. ဗန်းတခုထဲတွင် ခေါက်ဆွဲ ၊ ပဲကြာဇံ ၊ မှိုချဉ် ၊  ပူတီနံ တို့ကို တပုံစီထည့်ပါ ။ ဂေါ်ဖီ ကို ပါးပါးလှီးပြီး ၊ သင်္ဘောသီး နှင့် သခွားသီးကို ခြစ်တံ နှင့် ခြစ်ပြီး တပုံစီ ပုံပါ ။ အာလူးကိုပြုတ်ပြီး တလက်မခန့် အစိပ်လေးများ စိပ်ပြီး ပုံပါ။
  2. ဒယ်အိုးပူထဲတွင် ဆီအနဲငယ် ထည့်၍ ငရုတ်တောင့် အခြောက်နီကို ထဲ့ပါ ၊ ပြီးလျှင် မီးကို ပိတ်လိုက်ပြီး ငရုတ်တောင့်ကို လှော်၍
  3. အအေးခံထားပါ ။
  4. ဗန်းနောက်တခုထဲတွင်  နံနံပင် ၊ ပဲမှုန့်အကြက် ၊ ပုဇွန်ခြောက်မှုန့် ၊ မကျည်းနှစ် ၊ ကြက်သွန်နီကြော် ၊ ကြက်သွန်ဖြူဆီချက် ၊ ငရုတ်သီးအနီဆီချက် ၊ ငရုတ်သီးမှုန့် အကြက်မှုန့် ၊ ငံပြာရည် ၊ ဆား ကိုပုဂံလုံး တခုစီတွင်ထည့်ပါ ။
  5. စားမည့်အချိန်တွင် ဗန်းနှစ်ခုထဲမှ ကြိုက်နှစ်သက်ရာ အဆာပလာများကို ဇလုံထဲတွင် အနဲငယ်စီထည့်၍ ပဲမှုန့်အကြက် ၊ ပုဇွန်ခြောက်မှုန့် ၊ မကျည်းနှစ် ၊ ကြက်သွန်နီဆီချက် ၊ ကြက်သွန်ဖြူ ဆီချက်တို့ကို လဖက်ရည်ဇွန်း ၁ဇွန်းခန့် စီထဲ့ပါ ။ ငရုတ်သီး အနီဆီချက် ၊ ငရုတ်သီးမှုန့် အကြက်မှုန့် ၊ ငံပြာရည် နှင့် ဆားတို့ကို မိမိအကျိုက် သင့်တင့်ယုံထဲ့၍ နှံ့အောင်နယ်ပါ ။  အပေါ့အငံကို မြည်၍ လိုတာကို ထပ်ထဲ့နိုင်ပါသည် ။  စားသည့်အချိန်တွင် ကြက်သွန်ဖြူ အမွှာ နှင့် ငရုတ်သီးတောင့်ကြော်ကို အသုတ်နဲ့ အတူ တွဲ၍ သုံးဆောင်နိုင်ပါသည် ။
  6. ***သက်သတ်လွတ် စားသူများ က ပုဇွန်ခြောက်မှုန့် နှင့်  ငံပြာရည် မထည့်ရ်ျ စားနိုင်ပါသည် ။  ကြိုနှစ်သက်လျင် မှိုချဉ်ကိုလည်း ထည့်ရ်ျ သုပ်စားနိုင်ပါသည် ။
  7. အသုပ်ကို ပဲလင်းမွေသီး ၊  သပွတ်သီး ၊ ဖရဲသီး တို့နှင့် ချက်ထားတဲ့ ယာသီးဟင်းခါး လေးနဲ့ တွဲပြီး သုံးဆောင်ပါ ။
My Food Myanmar

Review

User Rating

3.9 (9 Votes)