မိတ်ဆွေတို့ရဲ့ အိမ်သုံးပစ္စည်းတွေကို စိတ်ချစွာ အသုံးပြုချင်ပါလား။ သုံးသာ သုံးနေတယ် စိတ်ထဲ သိပ်မလုံဘူး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဆောင်ရန် ရှောင်ရန်လေးတွေ သိထားရင်တော့ ပိုအဆင်ပြေတာပေါ့။ ဗဟုသုတလည်း ဖြစ်မယ် မီးဖိုချောင်ထဲမှာလည်း ပိုပြီး ချက်ပြုတ်ရာမှာ ယုံကြည်ချက် ရှိလာစေနိုင်ပါတယ်။ မျှဝေချင်တာကတော့ မိုက်ကရိုဝေ့ တွေရဲ့ ဆောင်ရန် ရှောင်ရန်တွေပါ။

မိုက်ကရိုဝေ့ကို မြန်မာပြည်မှာတော့ ဟင်းနွှေးတာလောက်ပဲ အသုံးများကြပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ကင်တာ၊ ပေါင်းတာ၊ စတူးလုပ်တာ အစရှိသဖြင့် မျိုးစုံသုံးကြပါတယ်။ ဘာပဲဖြစ်ဖြစ် ချက်ပြီးတဲ့ အစားစာတွေကို ထုတ်တဲ့ အခါ ပူနေတတ်တာကြောင့် အဝတ်တစ်ခုနဲ့ ကိုယ်တွယ်သင့်ပါတယ်။ မိုက်ကရိုဝေ့ကနေ ကျက်ပြီဆိုတာနဲ့ ချက်ချင်းထုတ်ပါ။ သူက ပိတ်ထားပေမယ့် အပူက ကျန်နေသေးတဲ့ အတွက် အကြတ်လွန်သွားတာ တူးသွားတာ ဖြစ်တတ်ပါတယ်။

 

အရေးကြီးဆုံးက မိုက်ကရိုဝေ့ အတွင်းမှာ ပလပ်စတစ်ဘူးတွေ၊ ဖန်ပစ္စည်းတွေ၊ စတစ်ကာ ကပ်ထားတဲ့ ဘူးတွေ ပန်းကန်တွေ၊ အလှချယ်ပြီး ကပ်ထားတဲ့ ဘူးတွေကို မသုံးသင့်ပါဘူး။ အပူပေးတ့ အချိန်မှာ ကပ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ပျော်သွားတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။ မိုက်ကရိုဝေ့ထဲ ထည့်ပြီး ချက်ဖို့ သီးသန့်ထုတ်ထားတဲ့ ဘူးတွေသာ သုံးပါ။ ဘူးတွေ ဝယ်တဲ့ အခါ မိုက်ကရိုဝေ့ သုံးနိုင်တယ်ဆိုတာမျိုးတွေပေါ့။ မိုက်ကရိုဝေ့ သုံးနေတဲ့ အချိန်မှာ သူ့အနားမှာ မနေပါနဲ့ သူက ၂ပေလောက်ထိ အပူက လာတတ်ပါတယ်။ ခပ်လှမ်းလှမ်းပါနေတာ ပိုစိတ်ချရပါတယ်။

ရှောင်သင့်တာတွေကတော့ ဆီများများကြော်ထားတဲ့ အကြော်တွေကို ထည့်ပြီး နွှေးဖို့ အဆင်မပြေပါဘူး။ မဖွင့်ရသေးတဲ့ စည်သွပ်ဘူးလို့ အရာတွေကိုလည်း ထည့်မနွှေးပါနဲ့။ ကြက်ဥကို ထည့်ပြုတ်ဖို့ မတွေးမိပါနဲ့ အထဲမှာ ပေါက်တတ်တာမို့ ရှောင်ပါ။ စတီးခွေတို့ အစိမ်းဖက်တို့နဲ့ မိုက်ကရိုဝေ့ကို သန့်ရှင်းရေး မလုပ်ပါနဲ့။ အဖွင့်အပိတ်တွေကိုလည်း ညင်ညင်သာသာ လုပ်ပါ။ တံခါးက ကွဲနေတာ ဖြစ်ဖြစ် မပိတ်တော့တာ ဖြစ်ဖြစ် တစ်ခုခု ဖြစ်နေရင် မသုံးပါနဲ့။ အထဲမှာ glass tray မပါဘဲ မသုံးပါနဲ့။ ပလပ်စတစ်အပါးစ အုပ်ထားတဲ့ ခွက်တွေ အစားအစာတွေကိုလည်း မထည့်ပါနဲ့ အပူနဲ့ ပလပ်စတစ် ဓာတ်ပြုပြီး ကျန်းမာရေး ထိခိုက်စေပါတယ်။ အစားအစာနွှေးတဲ့ အခါ 165′ F မှ မရှိရင် အထဲက ဘက်တီးရီးယားတွေ မသေစေနိုင်ပါဘူး။ cold spots လို့ ပေါ်နေမယ်ဆိုရင် ပြန်ပြီ အပူခံပေးပါ။

Credit: www.prevention.com