မိုးတွင်းကာလဟာ အသီးအရွက်တွေ လတ်လတ်ဆတ်ဆတ်နဲ့ ပေါများစွာ စားခွင့်ရတဲ့ ကာလပါပဲ။ သတ်သတ်လွတ် စားသူတွေ အတွက်လည်း အဆင်ပြေစေပြီး အသီးအနှံ စားသူတွေ အတွက်ပါ ဈေးချိုချိုနဲ့ ရနိုင်တဲ့ မိုးတွင်းကာလပါ။ ပေါများလှတဲ့ အစားအစာတွေထဲမှာ အင်ဥလည်း အပါအဝင်ပါပဲ။

အင်ဥဆိုတာ မှို တစ်မျိုးပါပဲ။ အင်ဥလို့ ခေါ်လို့ ငယ်ငယ်ကတော့ အင်ပင်ရဲ့ ဥလို့ ထင်ခဲ့ဖူးပါတယ်။ တကယ်တော့ မဟုတ်ပါဘူး အင်ရွက်တွေ ကြွေပြီး မိုးရေနဲ့ ထိတဲ့ အခါ ပေါက်လာတဲ့ မှိုအမျိုးအစား တစ်မျိုးပဲ ဖြစ်ပါတယ်။ ပုံစံက ဥ ပုံသဏ္ဍာန် ဖြစ်တာကြောင့် အင်ဥလို့ပဲ ခေါ်ကြတာပါ။ ဒါကြောင့် သဲတွေ ရှိတတ်ပါတယ်။ အင်ဥကို ချက်စား ကြော်စားမယ်ဆိုရင်တော့ သဲကို ရေစင်အောင် ဆေးရတာကတော့ အလုပ် တစ်လုပ်ပါပဲ။

အင်ဥဟာ မှို အမျိုးအစာ ဖြစ်လို့ မှိုမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ပရိုတင်း၊ အမိုင်နိုအက်ဆစ်ဓာတ်၊ ကယ်လ်စီယမ်၊ မီးစုန်းနဲ့ Antioxidants တွေ ပါဝင်ပါတယ်။ ကျန်းမာရေး အကျိုးပြု ရာသီစာ အင်ဥမှာ ယူရစ်အက်ဆစ်ဓာတ်တွေ ပေါများစွာ ပါဝင်တာောကာင့် လေးဘက်နာ ရောဂါသမားတွေနဲ့ ဂေါက်ရောဂါသမားတွေ သတိထား စားသင့်ပါတယ်။

annu
အင်ဥကို ဒညင်းသီး၊ ပီလောပီနံ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါး၊ ဂဏာန်း၊ ဖားသား၊ ဒူးရင်းသီး၊ မျှစ်ချဉ်၊ ပုဇွန်ချဉ်၊ ငါးဖယ်ချဉ်၊ ငါလေးချဉ်၊ ဆူးပုပ်၊ ပဲငါးပိ တို့နဲ့ တွဲဖက် မစားသင့်ပါဘူး။ မူးေ၀ အော့အန် တတ်ပါတယ်။ အင်ဥဟာ အစာ အဆိပ်သင့်တတ်သူတွေ အတွက်ကတော့ သတိထားသင့်တဲ့ အစားအစာပါ။သွေးတိုး ရောဂါရှိသူတွေနဲ့ နှလုံး သမားတွေ အတွက်လည်း အင်ဥကို ရှောင်သင့်ပါတယ်။

Ref: good health
Photo credit: shwezinu , shwemyanmarads