Recipes | အကြော် - Fried

မှို ကန်ဇွန်းကြော်

January 21, 2016

မှို ကန်ဇွန်းကြော်

Share this on:

မှို ကန်ဇွန်းကြော်

ပါဝင်ပစ္စည်းများ

  • ဆီ – ထမင်းစားဇွန်း ၅ ဇွန်း
  • ပါးပါးသေးသေး လှီးထားသော ကြက်သွန်ဖြူ အတက်ကြီး – ၄ တက်
  • ပါးပါးလှီးထားသော ငရုတ်သီးစိမ်း – စားနိုင်သလောက်
  • ရေဆေးကာ လက်ညှိုးအရှည်ခန့်ဖြတ်ထားသော ကန်ဇွန်းရွက် – 280 g
  • ရေဆေးကာ အမြစ်ဖြတ်ထားသော မှို – 300 g
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ

ပြင်ဆင်ပြုလုပ်နည်း

  1. ဆီ၊ ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်း ကို high heat ဖြင့် ၁ မိနစ်ခန့်ကြော်ပေးပါ။
  2. ပြီးလျှင် ကန်ဇွန်းရွက်၊ မှို နှင့် ကြက်သားမှုန့် ထည့်ကာ ၄ မိနစ်ခန့် ခပ်ဖွဖွ အထက်အောက်လှန်ပြီးကြော်ပေးပါ။ (ထိုးခြေပြီးမမွှေပါနှင့်။)
  3. စိမ်းစိမ်းလေးနွမ်းကျသွားသည်နှင့် မီးဖိုပေါ်မှချကာ ချက်ချင်း (အိုးအပူရှိန်ကြောင့် အစိမ်းရောင် မပြောက်သွားစေရန်) ပန်းကန်ထဲခူးထည့်ပြီး မှိုကန်ဇွန်းကြော်ကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
Credit: Chaw Su's Food Friends

Review

User Rating

0 (0 Votes)