သင်သိသင့်သော မီးဖိုချောင်သုံး ကုထုံးများ

၁။ ဓမ္မတာနာကျင်မှုအတွက်
ရေခဲရေထဲ ရှောက်ရည် ၂-၃ ဇွန်းရောပြီး နေ့စဉ် သောက်ပေးပါ ။

၂။ နာတာရှည်ခေါင်းကိုက်ဝေဒနာအတွက်
ပန်းသီးကို အခွံနွှာပြီး ပါးပါးလှီး၊ ဆားဖြူးကာ မနက်အိပ်ရာထခါစမှာ စားပေးပါ ။

၃။ လေပွခြင်းအတွက်
မုန့်ဖုတ်ဆော်ဒါ စားပွဲဇွန်း လေးပုံတစ်ပုံစာကို ရေနဲ့ ရောစပ်ပြီး သောက်ပေးပါ ။

၄။ လည်ချောင်းနာခြင်းအတွက်
ပင်စိမ်းရွက်နှစ်ရွက်၊ သုံးရွက်ကို မီးအေးအေးနဲ့ ပင်စိမ်းကနေ အရည်ထွက်လာတဲ့အထိ အပူပေးပါ။ အဲဒီအရည်ကို အအေးခံကာ အာလုတ်ကျင်းပေးပါ ။

၅။ ပါးစပ်အနာအတွက်
ငှက်ပျောသီးမှည့်ကို ပျားရည်နဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး အနာမှာ တို့ပေးပါ ။

၆။ နှာပိတ်ခြင်းအတွက်
ပန်းသီးရှလကာရည် စားပွဲဇွန်းတစ်ဇွန်း၊ ငရုတ်သီးမှုန့် လက်တစ်တို့စာကို ရေနွေးခွက် တစ်ဝက်နဲ့ ရောစပ်ပြီး တစ်နေ့ နှစ်ကြိမ် သောက်ပါ ။

၇။ ရင်ကျပ်ပန်းနာအတွက် ပျားရည် စားပွဲဇွန်းကြီးတစ်ဇွန်းစာနဲ့ သစ်ကြံပိုးခေါက်မှုန့် စားပွဲဇွန်း တစ်ဝက်စာကို ရောစပ်ပြီး ညအိပ်ရာ ဝင်ချိန်မှာ သောက်ပေးပါ ။

၈။ ဗောက်ထခြင်းအတွက်
ပရုတ်နဲ့ အုန်းဆီကို ရောစပ်ပြီး ညအိပ်ရာမဝင်ခင် ဦးရေပြားပေါ်မှာ လိမ်းပေးပါ ။

၉။ မျက်ကွင်းညိုခြင်းအတွက်
လိမ္မော်ရည်နဲ့ ဂလစ်ဆရင် ရောစပ်ပြီး ညိုနေတဲ့ မျက်ကွင်းပေါ်မှာ လိမ်းပေးပါ ။

Credit: ဒေါက်တာ ခင်မိုးမိုး
Ref: Good Health Journal