မုန်လာဥပိုးတီလေးက ထမင်းစားတဲ့အခါ အအီပြေစေတာကတော့ လူတိုင်းအသိဆုံးပါ။ ဒီလိုမျိုး စားလို့ကောင်းတဲ့ မုန်လာဥပိုးတီကို ဆိုင်မှာမဝယ်ဘဲ အိမ်မှာသာ သေချာလုပ်စားကြရအောင်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥ ၅ဥ
  • ကြက်သွန်နီ
  • နှမ်း
  • ရှာလကာရည် ၃ဇွန်း (ဟင်းခတ်ဇွန်း)
  • သကြား ၁ဇွန်း (ဟင်းခတ်ဇွန်း)
  • ဆား

ပြုလုပ်နည်း

မုန်လာဥကို မပြတ်အောင် သတိထားပြီး စောင်းစောင်းလေးတွေ ၂ဖက်လုံးမှာလှီးပါ။

မုန်လာဥကို ဆားနယ် ၁၅မိနစ်လောက် နှပ်ထား ရေစင်အောင်ဆေးပြီး ရေညှစ်ပါ။

ပြီးလျှင် ရှာလကာရည်၊ သကြား တို့နှင့် တညသိပ် စိမ်ထားလိုက်ပါ။

မုန်လာဥကို ဟိုဘက်၊ ဒီဘက်လှည့် လုပ်ပေးပါ။

ကြက်သွန်နီ ဆီချက် ချက်ထားပါ။

နောက်တနေ့ စားတော့မည် ဆိုလျှင် ဆီချက်မှ ဆီနဲနဲထည့်နယ်ပြီး နှမ်းလေးဖြူး ကြွပ်ကြွပ်၊ ကြွပ်ကြွပ်နဲ့ ချိုချဉ်အရသာလေး နှင့်သုံးဆောင်လို့ ရပါပြီ။

Credit: Myanmar Yummy Foods